"ဘာ...... ၊ ကလေး ကလေးက ဘာလုပ်ဖို့သွားရင်း ဘာဖြစ်တယ် "
"သားတော် သားတော်လေး အကုန်လုံးကမေမေတို့အမှားတွေပါကွယ် "
ဘုရင်မကြီးလည်း သူတို့စီစဉ်ထားသမျှအကုန်ပြောလိုက်လိုက်တော့သည် ။ သို့သော် Chan Yeolမှာမပျော်နိုင် သူ့ကလေးက မေ့နေသည်တဲ့လား။ ဒီကလေးကိုမုန်းမိတဲ့ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်မိတော့သည်။
"ဒါ ဒါဆိုကလေးက ကျနော့်ကို မုန့်လုပ်ကျွေးချင်လို့ ရေညှီပွင့်ဖတ်ခူးရင်း အခုလိုဖြစ်ရတာပေါ့ ၊ ကျနော်အခုလိုက်သွားမှဖြစ်မယ် "
"ခမည်းတော်တို့လည်းလိုက်မယ်သား "
"ဒါဆိုသွားကြတာပေါ့"
လက်ဖျောက်တစ်ချက်တီးလိုက်တော့အမေဇုန်နန်းတော်ရဲ့ တံခါးဝကိုရောက်နေလေပြီ။
"နတ်သူငယ်တိုင်းပြည်မှ ဘုရင်ကြီး ၊ ဘုရင်မကြီး နဲ့ အိမ်ရှေ့စံတို့ကြွချီလာပါတယ်"
တံခါးမှူးလေးရဲ့အော်သံကြောင့် ဘုရင်နဲ့ဘုရင်မကြီးတို့က ထွက်ကာကြိုဆိုကြလေသည်။ Taoကတော့ ညီတော့်နားကတစ်ဖဝါးမှမခွာ၊ လက်ကလေးကိုကိုင်ကာ တရှုံ့ရှုံ့ငိုနေတော့သည်။
"ကလေး"
အသံကြားရာကို Taoလှည့်ကြည့်တော့ မျက်ရည်တွေကျကာ အခန်းဝကနေကြည့်နေတဲ့ အိမ်ရှေ့စံကိုတွေ့လိုက်သည်။ သူနားလည်စွာနဲ့ နေရာထဖယ်ပေးကာ Krisနားမှာရပ်ကာ ငိုနေသည်။ Krisကတော့ သူ့ကိုဖက်ကာ နှစ်သိမ့်နေလေသည်။
Chan Yeolတစ်ယောက် ဆီးကြိုခံလိုက်ရတဲ့မြင်ကွင်းကြောင့် နှလုံးသားကဆစ်ခနဲနာကျင်သွားရသည်။ ကုတင်ပေါ်မှာ ပတ်တီးအဖွေးသားနဲ့ကလေးက ငြိမ်သက်စွာလဲလှောင်းနေသည်။ အရင်ကရဲရဲနီနေတဲ့နှုတ်ခမ်းလေးတွေကလည်း ဖြူဖတ်ကာခြောက်သွေးလျက် ။ Chan Yeolအနားကိုသွားထိုင်ကာလက်ကလေးကိုကိုင်လိုက်ပြီး
"ကလေးရယ် ကိုကို့အမှားတွေပါ ဘာမှမသိရအောင်ထိတုံးအလွန်းတဲ့ကိုကို့အမှားတွေကြောင့်ပါ ၊ ဘာ်လိုပဲဖြစ်ဖြစ်ကလေးကိုထွက်သွားခွင့်ပြုခဲ့တဲ့ကိုကို့ရဲ့အမှားတွေကြောင့်ပါကလေးရယ် "
YOU ARE READING
My Little Human "Do Kyung Soo" (Uni & Zawgi)
Fanficအချစ်ကိုပြက်ရယ်ပြုမိလို့ အချစ်နတ်ဘုရားမရဲ့ကျိန်စာတိုက်ခြင်းခံထားရတဲ့ နတ်သူငယ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားလေး "Pack Chan Yoel" အချစ်နတ်ဘုရားမရဲ့ကောင်းချီးပေးမှုနဲ့အတူမွေးဖွားလာတဲ့ အသဲပုံနှုတ်ခမ်းပိုင်ရှင် လူသားလေး "Do Kyung Soo"