Part 9(ဒါကအချစ်လား )

136 23 0
                                    

D.O တစ်ယောက် နတ်သူငယ်တိုင်းပြည်ကိုရောက်တာတောင် တစ်ပတ်လောက်ကြာနေပြီ။ စိတ်ဆိုးပီးနန်းတော်ကနေထွက်လာခဲ့ပေမဲ့ အိမ်နဲ့တစ်ခါမှမခွဲဖူးတာကြောင့်် အိမ်ကိုလည်းသတိရနေပြီ။ အထူးသဖြင့် သူ့နားအမြဲရှိနေတဲ့ Tao Hyungကိုပိုပြီးသတိရမိသည်။

"Chan Chan ကျနော် အိမ်ကိုလွမ်းတယ် ၊ Hyungကိုသတိရတယ် ၊ အိမ်ပြန်ချင်တယ် ကျနော့်ကိုအိမ်ကလူတွေစိတ်ပူနေကြမှာ"

Chan ကလက်ကလေးကိုလာကိုင်ပီး

PCY :" အင်း ကိုယ်နားလည်ပါတယ် D.Oလေးပြန်လို့ရအောင် ကိုယ်တို့နည်းလမ်းရှာကြည့်ကြတာပေါ့ ၊ ချက်ချင်းတော့ ပြန်လို့ရမှာမဟုတ်ဘူးနော် D.Oလေး"

"ဟုတ် Chan ကျေးဇူးတင်ပါတယ်နော် ၊ ချက်ချင်းပြန်လို့မရရင်တောင် အိမ်ကိုအကြောင်းကြားလို့ရမဲ့နည်းလေးဘာလေးရော မရှိဘူးလားဟင် "

PCY :"အာ့က ရှိတော့ရှိတယ်၊ ကိုယ်တို့တော်ဝင်မျိုးနွယ်ကလူတွေနဲ့ကြင်ယာတော်တွေပဲ အသုံးပြုလို့ရတဲ့အိပ်မက်ကမ္ဘာရှိတယ် ၊ ဒါပေမဲ့လေ D.O လေးက အပြင်လူဆိုတော့ အဲ့ဒါကို သုံးလို့မရဘူးဖြစ်နေတယ် "

"ဪ ဟုတ်လား အာ့ဆိုလည်းထားလိုက်ပါတော့၊ ပြန်ဖို့နည်းလမ်းပဲရှာကြတာပေါ့နော် "

မျက်နှာငယ်လေးနဲ့ပြောပီး သူ့လက်ကိုဖြုတ်ကာ အိပ်ယာလေးပေါ်တက်သွားတဲ့ အကောင်သေးသေးကိုကြည့်ရင်း သူသက်ပျင်းချမိသည်။
တစ်ပတ်လုံးလုံးအတူတူနေပီးစကားတွေလည်းပြောခဲ့ရတော့ ဒီကောင်လေး ဘယ်လောက်ကလေးဆန်ပြီးသူ့အိမ်ကိုဘယ်လောက်ချစ်တယ်ဆိုတာ‌ရော ၊ သူ့ မွေးစားအကိုဆိုတဲ့ Taoကိုသူအရမ်းချစ်တယ် ဆိုတာကိုသိလာရတယ်။ အဲ့ဒါကြောင့် သူ့အိမ်ကိုအကြောင်းကြားပေးဖို့သူ ကူညီချင်နေမိတယ်။ ဒါပေမဲ့ D.O‌လေးက‌တော်ဝင်မျိုးနွယ်မဟုတ်တာ‌ ကြောင့် အိပ်မက်ကမ္ဘာကို သုံးပေးလို့မရတာကိုလည်းစိတ်မကောင်းဖြစ်မိပြီး သူဘာလုပ်ရမှန်းမသိတော့ဘဲ စိတ်ရှုပ်ကာ သူလည်းအိပ်ယာပေါ်တက်ပီးအိပ်လိုက်သည်။

သူညဘက်တစ်ရေးနိုးတော့ အိပ်ယာ‌သေးသေးလေးပေါ်မှာ D.Oလေးမရှိတော့‌တာကြောင့် သူအရမ်းစိတ်ပူသွားပီး တစ်ခန်းလုံးနှံ့အောင်လိုက်ရှာတော့လည်း မတွေ့တာကြောင့် အခန်းအပြင်ကိုထွက်ကာလိုက်ရှာကြည့်တော့ လည်းမတွေ့ ။ အဲ့ဒါနဲ့ အခန်းရဲ့အနောက်ပေါက်ကနေလှေကားနဲ့တက်သွားလိုက်ရင် ‌ရောက်တဲ့လသာဆောင်ပေါ်ကိုတက်ကြည့်လိုက်တော့ လသာဆောင်ပေါ်မှာ ပက်လက်ကလေးနေပီး လက်ညှိုးလေးထိုးကာကြယ်ကလေးတွေကိုရေနေတဲ့ ထိုလူသေးသေးလေး ကိုတွေ့လိုက်ရသည်။
သူလည်း D.Oလေးနားကို သွားကာ လက်ကလေးကိုကိုင်လိုက်ပီး

My Little Human "Do Kyung Soo" (Uni & Zawgi)Where stories live. Discover now