Chan Yeolနိုးလာတော့အနားမှာ Kyung Sooမရှိတော့ပေ။အဲ့အစား စာလေးတစ်ရွက်ကိုတွေ့လို့ကောက်ဖတ်လိုက်တော့
"ကိုကို ကလေးကိုချစ်ခဲ့ပေးလို့ကျေးဇူးတင်ပါတယ်။ကလေးကြောင့်ကိုကို အနာတရဖြစ်ရတာတွေကိုကလေးမခံစားနိုင်ဘူးကိုကို ပြီးတော့ ဘုရင်နဲ့ဘုရင်မကြီးပြောလို့ကိုကို လက်ထပ်တော့မယ့်အကြောင်းအကုန်သိပြီးပါပြီ။ကျ တော်လည်း နန်းတွက်ကွဲနီးပြီမို့ ကြင်ယာတော်နဲ့ တစ်ခါထဲလက်ထပ်ရတော့မယ်။ကျနော်တို့နှစ်ယောက်ပျော်ဖို့အတွက်နဲ့ တိုင်းပြည်နှစ်ခုလုံးနဲ့ မိဘတွေကို မထိခိုက်စေချင်ပါဘူး။ ကိုကိုကျနော့်ကိုမေ့လိုက်ပါ ။ အရမ်းချစ်တယ်
တစ်ချိန်ကကိုကို့ရဲ့
ကလေး"မျက်ရည်တို့တွင်တွင်စီးကျလာသည်။ သူ့ဘက်က မိဘတွေကိုဆန့်ကျင်ကာ တိုင်းပြည်ကိုတောင်စွန့်ပစ်ဖို့လုပ်ခဲ့ပေမဲ့ ချစ်ရတဲ့သူကတော့ သူ့ကိုပဲစွန့်ပစ်သွားခဲ့လေသည်။ သူနာကျည်းမိသည်။ ကျနေတဲ့မျက်ရည်တို့ကိုသုတ်ပြီး စာကိုလုံးချေလွင့်ပစ်လိုက်သည်။ မနေ့ကသူဖွထားတဲ့အခန်းကတော့ ချစ်ရသူလေးရှင်းပေးသွားလို့ သန့်ရှင်းနေလေသည်။ ဘေးကခေါင်းအုံးလေးကိုကြည့်တော့ သူ့က်ိုလှောင်ရီနေသလို
"မင်းကိုမုန်းတယ် Do Kyung Soo၊ ငါ့အချစ်နဲ့ငါ့ထက် တိုင်းပြည်နဲ့ဘုရင်ဘဝကိုရွေးချယ်သွားတာပဲ ငါကဘာလို့ မင်းကိုမမေ့ပစ်နိုင်ရမှာလဲ"
ကျနေတဲ့မျက်ရည်တွေကိုသုတ်ပစ်ခါ သူ့က်ိုယ်သူပြင်ဆင်ပြီး ဘုရင်နဲ့ဘုရင်မကြီးရှိရာဆီကို သွားလိုက်သည်။ အခန်းထဲမှာ Kris လည်းရှိနေလေသည်။
"သားတော် လက်ထပ်ပွဲကိုသဘောတူပါတယ် မယ်တော်နဲ့ ခမည်းတော် "
Sehun နဲ့ Luhan ကတော့သူတို့အစီအစဉ်နဲ့သူတို့မို့ ကျိတ်ပြုံးကာ
"အဲ့လိုပဲဖြစ်သင့်တာပေါ့ သားလေးရယ် ၊ သားသူ့ကိုအခုမေ့မရရင်တောင် နောက်ကျတဖြည်းဖြည်းမေ့လို့ရသွားမှာပါ "
"သားသူ့ကိုအခုထဲကမေ့လိုက်ပါပီ မယ်တော် ၊ သားရင်ထဲမှာသူဆိုတာမရှိတော့ဘူး ၊ သားရဲ့မင်္ဂလာပွဲနဲ့နန်းတက်ပွဲကိစ္စကိုသာအမြန်ဆုံးစီစဉ်ပါ ။ သားတော်ကိုခွင့်ပြုပါဦး"
YOU ARE READING
My Little Human "Do Kyung Soo" (Uni & Zawgi)
Fanficအချစ်ကိုပြက်ရယ်ပြုမိလို့ အချစ်နတ်ဘုရားမရဲ့ကျိန်စာတိုက်ခြင်းခံထားရတဲ့ နတ်သူငယ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားလေး "Pack Chan Yoel" အချစ်နတ်ဘုရားမရဲ့ကောင်းချီးပေးမှုနဲ့အတူမွေးဖွားလာတဲ့ အသဲပုံနှုတ်ခမ်းပိုင်ရှင် လူသားလေး "Do Kyung Soo"