part 19

263 25 4
                                    

အိမ်ရှေ့စံ Tao နဲ့ နတ်သူငယ်ကိုယ်ရံတော် Kris Wuရဲ့ မင်္ဂလာပွဲနေ့အတွက် အမေဇုန်နန်းတော်မှာပြင်ဆင်နေကြချိန်  နတ်သူငယ်တိုင်းပြည်မှာလည်း အိမ်ရှေ့စံ Pack Chanyeolနဲ့ အမေဇုန်မင်းသားလေး Do Kyung Sooတို့လက်ထပ်ပွဲအတွက်ပြင်ဆင်နေကြသည်။

အိမ်ရှေ့စံ Taoရဲ့ နန်းတက်ပွဲနဲ့လက်ဆက်ပွဲအခန်းအနားဟာ အမေဇုန်မှာလုပ်ခဲ့သမျှပွဲတွေထက်အဆပေါင်းများစွာပိုစည်ကားနေကာ တိုင်းသူပြည်သားအားလုံးကလည်းပျော်ရွှင်နေကြသည်။

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ
ကြင်ယာတော် Kris သက်တော်ရာကြော်ရှည်ပါစေ"

အမတ်တွေနဲ့ပြည်သူတွေရဲ့စကားသံအဆုံး မင်္ဂလာဝတ်စုံအနီများကိုဆင်မြန်းထားတဲ့ Taoနဲ့ Krisက ပုလ္လင်ပေါ်မှာထိုင်လိုက်ကြသည်။ ပြီးတော့မှ မင်္ဂလာအခန်းအနားကိုဆက်လင်လုပ်ဆောင်ကြသည်။

"မိုးမြေကန်တော့မယ်"

"နှစ်ဘက်မိဘကန်တော့မယ်

"သတို့သားနှစ်ဦးအပြန်အလှန်အရိုအသေပေးမယ်"

"မင်္ဂလာသေရည်အတူတူသောက်မယ် "

"အကြင်လင်မယား အဲ အကြင်လင်လင်များအဖြစ်အရာရောက်သွားပါပြီ "

အော်သံအဆုံးအောက်ကလူများလည်းသဘောကျစွာနဲ့လက်ခုပ်များတီးကြတော့သည်။ ပျော်ပွဖြရွှင်ပွဲကြီးကိုတစ်နေကုန်ကျင်းပခဲ့ပြီး ညဘက်မှာတော့ဂုဏ်ပြုညစာစားပွဲလုပ်ကြသည်။ ဒီတစ်ခါတော့ Kyung Sooတိုက်တဲ့သေရည်ကို မင်္ဂလာမောင်နံကမသောက်ဘဲ အရှင်Xiuminတိုက်တဲ့သေရည်ကိုသာသောက်ကြသည်။
(သင်သိပါသလား ငါကိုယ်တော်ကလည်းး Kyung Sooရဲ့ ခမည်းတော်ဆိုတာ ဟွင်းးဟွင်းး)

ထင်တဲ့အတိုင်းပါပဲ ဘုရင်ကြီးရဲ့လက်ချက်ကြောင့် မင်္ဂလာသတို့သားလေး Taoကတော့အိပ်ခန်းထဲရောက်တာနဲ့တုန်းခနဲအိပ်ပျော်သွားပါတော့တယ်

"ငါဘယ်ဝကဝဋ်ကြွေးတွေကြောင့်ဒီလိုခံရတာလဲကွာ"

"ဘယ်ဘဝမှမဟုတ်ဘူး ငါတို့တုန်းကဝဋ်ကြွေးပေါ့"

အပြုံးကြီးများကိုချိတ်ဆွဲထားတဲ့ BaekKai နဲ့ LayChen တို့စုံတွဲရဲ့စကားသံများပင်ဖြစ်သည်။

My Little Human "Do Kyung Soo" (Uni & Zawgi)Where stories live. Discover now