no.2 annoying person

835 39 0
                                    

...Uni...
''ကံတရားက အနေနီးဖို့အကြောင်းဖန်တဲ့အခါ"
ဆိုတဲ့စကားမျိုးကို 'သက်ညှို့' နဲ့ ပတ်သတ်ရင် မသုံးချင်ခဲ့ဘူး။ ငယ်ကတည်းကပေါင်းလာတဲ့ friendship ကိုယ်စီ
ပျက်သုန်းသွားတဲ့ ငါနဲ့သူမ ကြားမှာ တူနေတာတစ်ခုခုရှိမယ်ဆိုတဲ့ အတွေးနဲ့ပဲ 'သက်ညှို့' ဆိုတဲ့ မင်းဆီကို ငါ တန်းတန်းမတ်မတ်ကြီး ရောက်လာခဲ့ပါတယ်ပေါ့။

''သက်ညှို့ ငါတို့ ကျောင်းအတူသွားကြမလား ငါလာခေါ်မယ်လေ ''ဆိုတော့

''အင်း'' တဲ့

တိုတောင်းတဲ့ အဖြေတစ်ခုနဲ့ ပြီးပြည့်စုံတဲ့ friend ship တစ်ခု သူမ နဲ့ တည်ဆောက်ဖို့ ရည်ရွယ်ပြစ်လိုက်တယ်။
အိုးပဲ့စလောင်းပဲ့ချင်း လိုက်ဖက်တန်ကောင်းပါရဲ့.....

ဒီလိုနဲ့ပဲ ပထမ အစမှာ မင်းက သိပ်နှစ်လိုဖွယ်ရာ ကောင်းတဲ့ သူငယ်ချင်းမလေး ၊
ငါ့ ဆိုင်ကယ် ကို ဆီဖြည့်ပေးတတ်ပြီး မင်းကိုအိမ်ပြန်ပို့ပေးပြီးတိုင်း​"ဂရုစိုက်မောင်းပြန်" လို့မှာတတ်တဲ့ ပူပန်တတ်သူလေး အဖြစ် နေထိုင်တယ် ပေါ့ကွာ

ကြားထဲမှာ မင်းနဲ့ငါ ကို တမျိုးမြင်ကြတဲ့ လူတချို့ကတော့ သတိပေးကြတယ်။
"အမသမီး ဘယ်ကောင်လေးနဲ့ တွဲနေလည်းမသိဘူး" ဆိုပြီး ဘယ်မှာ ဟိုမှာ ငါတို့ကို တွေ့တဲ့အကြောင်း မင်းအမေကို တိုင်ကြလို့ ဖြေရှင်း ရယ်မောခဲ့ရတဲ့နေ့တွေပေါ့ ။
'သက်ညှို့' ဆိုတဲ့ မင်းက မိန်းခလေး ဖြစ်ပြီး 'အလင်းပိုင်' ဆိုတဲ့ ငါကလည်း မိန်းခလေးဖြစ်နေခြင်းက အဲ့တုန်းကတော့ ဟာသ တစ်ပုဒ်ထက်ပိုမနေခဲ့တာတော့ အမှန်ပဲ။

''ငါ သူ့ကို တကယ်ချစ်တာ ဒါပေမယ့် ငါ သူ့ကို မလိုချင်ဘူး''တဲ့

လှမ်းကြည့်မိတော့ မင်းရဲ့ရှေ့မှာ ထိုကောင်လေး နဲ့ ကောင်မလေး တစ်ယောက် ရှိနေခဲ့တယ်။

ပုပျက်ပျက်အရပ်နဲ့ မလိုက်မဖက်အဝတ်တွေကို ဝတ်ဆင်တတ်တဲ့ ထိုကောင်လေး နာမည်ကြားတော့ ငါ အူတက်အောင် ရယ်ခဲ့မိသေးတယ်။
'တာရာ' တဲ့ နာမည်နဲ့ မလိုက်မဖက် ကြယ်မှိန်လေး တစ်လုံးကိုမှ မင်းကချစ်ခင်သည်တဲ့။

'တာရာ' ဟာ ထောင့်မကျိုးတဲ့ကြယ်စုတ်အဖြစ် မျက်လုံးထဲ ကန့်လန့်ဝင်လာခဲ့ပြီး ဆူပုတ်ပုတ်ငါ့ရုပ်က ကြယ်စုတ်ရှေ့ ရောက်သွားတိုင်း ပိုတင်းမာလာခဲ့တာကို မင်းရဲ့ကြယ်ကလည်း သတိထားမိလို့ထင်ပါရဲ့ ငါ့ကို ရှောင်တယ်။
မင်းကတော့ မီးကိုမှ တည့်တည့်တိုးချင်နေတဲ့ ပိုးဖလံ ....

Always Belong To YouWhere stories live. Discover now