...Uni...
တစ်ခါခါကျရင် အချစ်တွေပေါပေါများများရှိနေတဲ့ မင်းကို ငါ နားမလည်ဘူး။
ဆိုင်ကိုအမြဲလာနေကျ မင်းသူငယ်ချင်လေးနဲ့ မင်း အီစီကလီလိုလို သူငယ်ချင်းလိုလိုဖြစ်တုန်းကလည်း
မင်းက လုံးဝအချစ်မှာကျရှုံးတော့မယ့် လူလိုမျိုး ပြုံးပျော်နေခဲ့တာပဲမို့ ငါ့အနားမှာလည်း မင်းပျော်နေတယ်လို့ပဲ ယုံကြည်မိခဲ့တယ်။ငါချွဲပြီး ဂျီကျသမျှအကုန် မငြိုမငြင်လုပ်ပေးခဲ့တဲ့မင်းက အဲ့အချိန်တုန်းက အရာရာကိုအကောင်းမြင်တတ်တဲ့ သူတော်ကောင်းမလေး။
ကွမ်းယာတွေခိုးစားခဲ့တယ် ဆေးလိပ်တွေခိုးသောက်ခဲ့တယ် တစ်ယောက်ရဲ့အနာဂတ်အိမ်မက်တွေအကြောင်း တစ်ယောက်သိတဲ့အထိ ငါတို့ သိပ်ရင်းနှီးခဲ့ကြတယ်။ဆိုင်ကယ်မှောက်လို့ ရတဲ့ အနာတွေကိုကြည့်ပြီး လန့်ခဲ့ရ ပြုံးခဲ့ရတဲ့နေ့တွေ ၊ စိတ်ပေါက်ပေါက်နဲ့ နှစ်ယောက်တည်းတောင်ချွန်းတက်ခဲ့ကြတဲ့ ညနေခင်းတွေ ၊ ကျူရှင်အပြင်မှာ ထိုင်စောင့်ရင်း လေပြစ်ခဲ့တဲ့နေ့တွေ ၊ ဈေးလည်နေလို့ အိမ်ပြန်နောက်ကျအဆူခံခဲ့ရတဲ့ နေ့တွေအကြောင်း တော်တော်ငြိတွယ်ခဲ့တဲ့ ငါ ပေါ့။
''သူ့ နာမည်က 'ခမ်း' တဲ့ '' လို့ မိတ်ဆတ်ပေးတော့ ထူးထူးခြားခြား ငါပြုံးမိတယ်။
မင်းက ဘယ်တော့မဆို ငါတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးပဲ ။''ပိုင်.... 'အလင်းပိုင်' တဲ့ ငါ နာမည်က ''
အင်း..... ယဲ့ယဲ့လေးယိမ်းယိုင်သွားတာက လွဲရင် ငါပျော်ပါတယ်။
'ခမ်း ' က ရယ်ရတယ် ပျော်တတ်တယ် ပြီးတော့ မင်းကိုသာမက ငါ့ကိုပါ လွှမ်းမိုးနိုင်တဲ့ သူငယ်ချင်းကောင်းလေး အသစ်တစ်ယောက်အဖြစ် ငါအသိအမှတ်ပြုခဲ့တာပဲ။စာမေးပွဲနီးရင် ငါတို့သုံးယောက်စာအတူလုပ်ခဲ့ကြ နေရာမျိုးစုံလည်ကြရင်း မင်းက ခမ်း ကို ပိုချစ်ခင်သွားတယ်လို့ ငါပြောတော့ သဘောကျစွာရယ်နေတဲ့မင်း ဖြေတဲ့အဖြေက 'အတူတူပဲ ဘယ်သူ့မှမပိုဘူး' တဲ့ ။
ဟုတ်တယ် ငါ့ဆိုင်ကယ်နောက်မှာရှိနေကျ မင်းက 'ခမ်း' ဆိုင်ကယ်နောက်ရောက်သွားတဲ့အခါ ငါ ပိုယိမ်းယိုင်လာတယ်လို့ ဝန်မခံချင်ခဲ့ဘူး။
YOU ARE READING
Always Belong To You
General FictionUni မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ် Zawgyi မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ်