no.6 back to you

269 20 1
                                    

...Uni...
ငါက ဆိုးတယ် ၊ ငါက သတ္တိမရှိဘူး
အထူးသဖြင့် ငါက ကိုယ့်ကို နာကျင်စေမယ့် အရာဟူသမျှကို ရှောင်ဖယ်ချင်တဲ့ လူမျိုး။

ဒါကြောင့် မင်းစိတ်ဆိုးသွားမယ်မှန်း သိသိရက်နဲ့ ငါ့ အနာတွေကိုပဲဂရုစိုက်တတ်တဲ့ တစ်ကိုယ်ကောင်းသမားလို့ ကိုယ့်ကိုလက်ခံလိုက်တဲ့အခါ အနေအစားချောင်မယ်လို့ပဲ ငါထင်ခဲ့တယ်။
ထင်ခဲ့မိတယ် ပေါ့ .....

ဒါပေမယ့် ငါမရှိတဲ့နောက်ပိုင်း မင်းဘေးက ငါ့နေရာကိုရောက်လာတဲ့ ကောင်မလေးကို မြင်တဲ့အခါ အပူလှိုင်းတွေက စို့တက်လာတယ်။

မင်းက ဘာကိုမဆိုလွယ်လွယ်နဲ့ ချစ်တတ်နေခဲ့လို့ ငါ့နေရာမှာ တခြားသူကို အစားထိုးရ လွယ်ကူနေခဲ့တာလား ဒါမှမဟုတ် ငါ့နေရာ ဆိုတာ အစတည်းက မရှိခဲ့တာလား မရေမရာပါပဲ ။

"လှိုင်း"တဲ့ 'နဒီလှိုင်း' ဆိုတဲ့ အမည်နာမအပြည့်အစုံနဲ့
တကယ့်ချစ်စရာကောင်မလေးက ငါ့အတွက်တော့ ကျောင်းပြောင်းလာတဲ့အပူပိုင်းအရပ်က လေထုကြီးနဲ့ တူနေခဲ့တယ်။

မင်းနဲ့တွဲမြင်လိုက်တိုင်း စိတ်ရှုပ်စရာအပြင် ဝန်တိုမှုတွေပါ ဖန်တီးတဲ့ 'လှိုင်း' ကြောင့် ငါဟာ မတည်ငြိမ်ခင်မှာ ပိုပြီး ယိုင်လဲဖို့ဖြစ်လာခဲ့လို့ ငါ.....

ငါ ပြန်လာတော့မယ် ငါ့အသက်ရေ ဘာတွေဖြစ်ဖြစ် မင်းဘေးမှာနေခွင့်မရခြင်းက မင်းဘေးမှာ နာကျင်စွာရှိနေရခြင်းထက် ငါ့ကို ပိုလောင်ကျွမ်းစေပြီ။
မင်းကတော့ စိတ်တိုလိမ့်မယ် ငါ့စိတ်အတိုင်း လုပ်နေလို့....

"သက်ညှို့"

"ညှို့"

"မယ်ညှို့"

"ငါ့ရဲ့ လေးညှို့လေး"

"မယ်သက်ညှို့"......

ငါ့ရဲ့... အသက်....သွေးကြော....လေး..ရေ...

"ဘာလဲ "

"မရှုပ်နဲ့"

"အေးဆေးနေစမ်းပါ လင်းပိုင်ရာ"

"ငါမအားဘူး"

"ငါပြောတော့ကော နင်နားလည်မှာမို့လား"

မမြင်ချင်ဟန်ဆောင်သွားတဲ့ အကြည့်မျိုး ၊ မကြားချင်ဟန်ဆောင်သွားတဲ့ အပြောမျိုး နဲ့ မင်းငါ့ကို ဆက်ဆံတဲ့အခါ ငါ့အပြစ်ဆိုပြီး ကျေကျေနပ်နပ်နပ်ခံနေမိတယ်။

Always Belong To YouWhere stories live. Discover now