no.7 too afraid to confess

260 21 0
                                    

...Uni...
'' နင်တို့ရဲ့ သားဆိုတာ သူတို့လား ''

'' အင်းလေ.... နင်သိလို့လား ''

သူတို့ဘက်ကို လျှောက်လာတဲ့ ကောင်လေးနှစ်ယောက်က အင်္ကျီဆင်တူနဲ့ တစ်လောကလုံးကို ဂရုမစိုက်စွာ ပြုံးရယ်၍လာနေပြီး ။

အပြေးလေးသွား ကြိုသူ 'သက်ညှို့'ဆိုတဲ့ မင်းကို 'မား'လို့ အသက်နည်းနည်းငယ်ပုံရတဲ့ ကောင်လေးက ပြုံးရယ်ပြကာ အရပ်မြင့်မြင့်နဲ့ ကောင်လေး ကတော့ ကိုယ့်ကို မပြုံးမရယ် မျက်နှာနဲ့ လှမ်းကြည့်သည်။

'' နီရောင်... ငါအတန်းထဲ ဖုန်းမေ့ကျန်ခဲ့လို့ နောက်ရက်မှပဲ လိုက်တော့မယ်.... နော်''

သေချာသည် ထိုကောင်လေးက 'နေဘုန်းမိုရ်' မှ 'နေဘုန်းမိုရ်'။ state ကျောင်းတုန်းက အတန်းဖော်က ဘာလို့ ဒီအခြေနေဒီနေရာမှာ ပြန်တွေ့ရတာလဲ ။

ငါ မင်း ကို ကြည့်တဲ့ အကြည့်တွေကိုသာ သူတွေ့သွားရင် သူသိသွားမှာ သူချက်ချင်း သိသွားမှာ ....မင်းကို ငါက ချစ်နေပါတယ် ဆိုတဲ့အကြောင်း မြတ်နိုးနေပါတယ်ဆိုတဲ့အကြောင်း ။

သူ....သူမင်းကို ပြန်ပြောရင် အခုငါ ဖုံးကွယ်ဖို့ကြိုးစားထားသမျှ စုန်းစုန်းမြုပ်မှာ....။

''နင် တကယ်မကြိုက်ပဲနဲ့ ကြိုက်ဟန်မဆောင်နဲ့။ အဲ့လိုလုပ်တာ လှောင်တာနဲ့တူတူပဲ''

ကောင်လေးတွေရဲ့ 'မား' လို့ အပြည့်အဝခံယူပြီးနောက် မင်းက မြင်မြင်သမျှကို ဗုံးကျဲချင်နေတာပါပဲလား။

တန်ဖိုးထားတဲ့ ကောင်လေးနှစ်ယောက်အတွက် တခြားသူငယ်ချင်းတွေနဲ့ပါ အတိုက်အခံလုပ်နေတဲ့ မင်းက ယုံကြည်ရာကိုလုပ်ပြီး ဘယ်လိုနေနေ လှနေတာပါပဲလား။ငါ့ရဲ့ အနာရွတ်လေးရေ....

''သဘောကျပါတယ် ဒါမယ့် နင့်သားတွေကို fiction ထဲက ဇာတ်ကောင်တွေလို့ပဲ သဘောထားချင်တာ၊ ငါက စာအုပ်တွေပဲ ဖတ်ရတာကြိုက်တာ နင်သိပါတယ်''

ဟုတ်တယ် ငါအမှန်အတိုင်းဝန်ခံပါတယ်။
မင်းလုပ်နေတဲ့ fujoshi , idol fan ဒါတွေက ငါနဲ့မကိုက်ဘူး။ မင်းအတွက်တော့ အဲ့တာတွေက တန်ဖိုးထားစရာဆိုပေမယ့် ငါ့အတွက်တော့ အဲ့တာတွေက မင်း လုပ်နေတာတွေကို ငါနားလည်ဖို့ သိထားရမယ့် အရာတွေထက်မပိုလာဘူး။

Always Belong To YouWhere stories live. Discover now