...Uni...
"သိလား 'သက်ညှို့ ' ကွေးအောင်လုပ်တဲ့ ဂါထာ မရှိဘူးတဲ့ "
"အေ ကံတရားပေါ့ဟာ" တဲ့ မျက်ရည်တွေထွက်အောင် ရယ်နေတဲ့ emoji တစ်ခုနဲ့ မို့ ငါ့မှာ ရယ်စရာစရာမဟုတ်ပဲ ပြုံးနေမိသေးတယ် ။
ကံတရား ဆိုပြီး ငါစောင့်နေတာပါပဲ မင်း စိတ်ခုန်လို ခုန်ငှား ။အနီးနားသွားလို့မရတဲ့အခါ အဝေး လေလှိုင်းပေါ်ကနေပဲ မင်းကိုငါ စိတ်ဒုက္ခ ပေးဖြစ်တယ်။ "လွမ်းတယ်" လို့ ။ ပြန်လာတဲ့စာက "ငါက stright နော် မမေ့နဲ့တဲ့" ။ တော်တော်လူမှုရေးခေါင်းပါးတဲ့ မိန်းမ ၊ ငါထပ်ပြုံးမိလေရဲ့ ....။
"စောင့်နေ ... ငါပလာယာအကြီးကြီးတစ်ခုယူခဲ့ပြီး လာမယ် ရအောင်ကွေးမယ် နင့်ကို "
ချက်ချင်း မီးစိမ်းလေးက ပျောက်သွားပြီး တစ်ညလုံး စိတ်ဒုက္ခပေးတော့တာပါပဲ၊ကြက်ဥပုတ်လေးရေ မင်းကို ငါချစ်နေတုန်းပဲ။မင်းမဟုတ်တဲ့ တခြားအမျိုးသမီးတစ်ယောက်ဆိုရင်တောင် ငါဒီလောက် တပ်မက်မိမယ် မထင်ဘူး။
"ချောကလက် နဲ့ cheese ဘယ်ဟာကြိုက်လဲ"
"ဘယ်ဟာမှ မကြိုက်ဘူး"
"ထင်တယ် ကန့်လန့်ပြောမယ်လို့"
"နင့်ကို စကားဘယ်လိုပြောရမလဲ မသိတော့ဘူး ကောင်မစုတ်ကြီးရေ " တဲ့မင်းက စကားမပြောချင်တာ မဟုတ်ဘူး ၊ မပြောတတ်တာ လို့ပဲ မှတ်ယူလိုက်တော့ နေပျော်စရာပဲ။စိတ်ထဲထပ် တွေးမိတာက မင်းကို စကားပြောတတ်အောင် သင်ပေးချင်နေမိတယ်။
'နင့်ကိုလည်း ငါချစ်ပါတယ် 'ပိုင်' လို့ပြောတတ်လို ပြောတတ်ငှား .... တစ်နေ့နေ့ပေါ့ဗေဒင်တွေ နက္ခတ်တွေ မယုံတတ်ပါပဲနဲ့ share နေတဲ့ မင်းကို ငါအမြင်ကတ်နေပြီ။ဘယ်က english songs က စာသားတွေမသိ ယူတင်ပြီး share နေတာတွေကော မြင်ရင် ငါ့မှာမကျေမချမ်း ပဲ။
မင်း Cover photo ထားထားတဲ့ သီချင်းစာသား
မင်းကိုငါ အရင်ဖွင့်ပြခဲ့တာ ၊ မင်းကိုငါ ရည်ရွယ်ခဲ့တာပါ။ဒါကို မမှတ်မိ သတိမထားတတ်တဲ့ မယ်မင်းကြီးမ ဘယ်သူ့ကို ရည်ရွယ်ပြီး တင်ထားတယ်မသိ ၊ ငါနော် .... ဂါး !!
YOU ARE READING
Always Belong To You
General FictionUni မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ် Zawgyi မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ်