...Uni...
ကျောင်းရက်သတ္တပတ် နောက်ဆုံးနှစ် မင်းနားမှာပဲ ငါရှိနေချင်တုန်းပဲ။လူတွေ မေးတဲ့အခါ မင်းကိုငါ ချစ်တယ် ဆိုတဲ့အကြောင်း ဖြေနိုင်နေပြီ။မင်းကတော့ နောက်ဆုံးမို့ အရင်ကထက် မီးကုန်ရမ်းကုန်လည်ဖို့တွေးသလို ငါတို့အားလုံးတွေးကြတယ် ဒါဟာ လူငယ်ဘဝရဲ့ နောက်ဆုံးနှစ် လို့ ။
ခဏခဏ တိုင်ပင်ပြီးမသွားဖြစ်တဲ့ ခရီးတိုလေး တစ်ခု တကယ်သွားဖို့ အစီစဉ်တွေ ရေးပြစ်တဲ့အခါ အားလုံးထက် ရင်ခုန်နေမိတာ ငါ့ ငါသိနေခဲ့တယ်။
မင်းနဲ့ငါ အနေဝေးနေခဲ့တာ သိပ်ကြာနေခဲ့ပြီပဲ အသက်ရေ ။'' ဒါဆို ငါတို့အားလုံး 'နီရောင်' ရဲ့အိမ်မှာ စုအိပ်ပြီး မနက်ကားလာမှ သွားကြတာပေါ့ ဟုတ်လား ''
နီရောင် ရဲ့အိမ် ဆိုတဲ့ အသံကြားတာနဲ့ စိတ်တွေပိုဝေဝါးကာ အမောစို့လာခဲ့သည်။
အရင်တစ်ခေါက် 'နီရောင်' ရဲ့အိမ်မှာ စုပြီးသောက်ကြစားကြတုန်းကလည်း မင်းက မင်းရဲ့ 'လှိုင်း' နားကိုပဲ ကပ်နေလို့ ငါ 'လှိုင်း' ကို ငိုအောင်စပြီး အော်ရယ်ခဲ့တဲ့အကြောင်းတွေကြောင့် မင်းအနေကျဉ်းကြပ်ခဲ့တာ ပြန်မြင်လာတယ်။
မင်းရဲ့ တစ်ဖက်ပေါင်ပေါ်မှာ 'လှိုင်း' ကငိုနေခဲ့လို့ ငါအူတိုစွာ မင်းရဲ့ပေါင်တစ်ဖက်ကို ခေါင်းခုလုပ်ပြီး အူတတ်မတတ်အော်ရယ်ခဲ့စဉ်ကပေါ့။
ငါ မမူးနေခဲ့ဘူး ငါတမင်လုပ်ပြီးပဲဖြစ်ဖြစ် မင်းအနားငါနေချင်ခဲ့တယ်။''လင်းပိုင်..ကြားလား ညနေကတည်းကလာလို့... ''
''ဟမ်... အေအေ.... ''
'နီရောင်' ရဲ့စကားကို မကြားသလိုဖြစ်နေလို့ မင်းကပဲ "နောက်မှထပ် မမေးနဲ့" လို့ ငါ့ကို ဆရာကြီး လုပ်နေတာကိုတောင် ငါ အာရုံမထားမိတဲ့ အထိ စိတ်ပူနေသလို ရင်လည်းခုန်နေတယ်။
အဲ့နေ့ရောက်ရင် ငါ ဘာဖြစ်မလဲ 'လှိုင်း' က မင်းဘေးမှာ ရှိနေအုန်းမှာ ငါသိနေတယ်။ပြီးတော့ မင်းကိုပေးထားတဲ့ကတိ 'လှိုင်း ကို အနိုင်မကျင့်တော့ပါဘူး' ဆိုတဲ့ ကတိ။
တကယ် ငါ ဟန်ဆောင်မကောင်းပဲ ဟန်ဆောင်နေမိခဲ့တာလား ။
YOU ARE READING
Always Belong To You
General FictionUni မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ် Zawgyi မင်းကို ချစ်မိတဲ့ အချိန်တွေအတွက် နောင်တရ ရမယ်ဆိုရင်တောင် အကယ်၍ နောက်ဘဝများမှာတော့..... မင်းရဲ့ ငြိတွယ်ရာ အဖြစ်