ပြဿနာများစွာဖြင့်စတင်ရတဲ့နေ့တစ်နေ့ဟာ ကုန်လုနီးပါးဖြစ်နေချေပြီ...နေ့အလင်းရောင်ဟာလည်း တဖြည်းဖြည်းတိုးဝင်သွားတဲ့ နေရောင်နဲ့အတူမျောပါသွားပြီမို့ အမှောင်ထုကကြီးစိုးလိုက်၏...ခါတိုင်းဆိုလျင် အိမ်ကိုနောက်တစ်နေ့ကူးခါနီးမှပြန်လာတတ်တဲ့ သခင်လေးOhဟာ ယနေ့မှအိမ်အစောကြီးပြန်ရောက်နေခဲ့ပြီး စံအိမ်ကနေမခွာပေ...သခင်လေးByunရယ်ကတော့ ခင်ပွန်းဖြစ်သူနဲ့စကားများပြီးထဲက ကားသော့ဆွဲယူ၍စံအိမ်ကနေထွက်သွားလိုက်တာ ခုထိပြန်မလာသေး။
သခင်လေးOh ဟာစံအိမ်ဧည့်ခန်းအတွင်း နာရီကိုတကြည့်ကြည့်ဖြင့် လျှောက်လွှဲလျှောက်ပြန်လုပ်နေသည်မှာ ဘယ်နှခေါက်မှန်းမသိတော့...သို့တိုင်သူ့ရင်ထဲကအပူကိုတော့ ဘေးကလူများကခံစားမိပါ၏။
"သခင်လေးOh အခုထိလည်းညစာမစာရသေးဘူး...ခဏလောက်နားပါဦးလား?သခင်လေးByun ကအလုပ်ကိစ္စရှိလို့ကြာနေတာဖြစ်မှာပါ"
အိမ်တော်ထိန်းရဲ့စကားအား Sehun အာရုံမရ...နံရံကပ်ထားသော နာရီစင်ကိုလှမ်းကြည့်တော့ ၉နာရီထိုးဖို့အနည်းငယ်သာလိုတော့သည်။
"ဘာအလုပ်ကိစ္စမှမရှိဘူး...သူဟိုကောင်နဲ့သွားတွေ့နေတာပဲဖြစ်မှာ...သူငါ့ကိုဖောက်ပြန်နေတာ!!!"
ဟိန်းကာထွက်လာသောအသံကြောင့် အနားရှိလူအားလုံးတုန့်ခနဲဖြစ်သွားကြ၏...သူတို့သခင်လေးOh ဟာအမြဲတမ်း တည်ငြိမ်သွေးအေးနေတတ်ပြီး Baekhyun ဆိုတဲ့လူသားကိုအိမ်မှာရှိတယ်လို့တောင် ထင်မှတ်ခဲ့သည့်သူမဟုတ်...အခုမှဘယ်လိုဖြစ်သွားသလဲဆိုတာ စဥ်းစားကြည့်လို့ကိုမရကြတော့ပေ...။
*သခင်လေး Oh ကအချိန်လွန်မှ ခံစားချက်တွေကိုသိခဲ့ပြီထင်ပါ့*
🥝🥝🥝🥝🥝
အေးစက်စက်လေထုကြား JongIn ရဲ့လက်ကိုတွဲလို့ညစျေးတန်းကိုလျှောက်လည်နေပါသော Baekhyun ဟာအပူပင်ကင်းလှသည်။ Sehun ကြောင့်ရခဲ့သော စိတ်သောကများပင်ဘယ်ဆီရောက်သွားမှန်းမသိ...တင်းကြပ်စွာဆုပ်ကိုင်ခံထားရသော သူ့၏လက်ဖဝါးက ဆောင်းဦးကာလမို့တိုက်ခက်နေသော လေအေးများကိုမမှုစွာ နွေးထွေးလို့နေပြန်ပါသည်။