Recommended Song
"အတိတ်" By Htet Thiri
(For Baekhyun's side)
Baekhyun စိုစိနေသောဆံသားတို့ကို Dryer ဖြင့်မှုတ်ကာအခြောက်ခံရင်း မှန်တင်ခုံရှေ့တွင်ထိုင်လို့နေ၏။
မှန်ထဲမှတန်ပြန်မြင်နေရတဲ့ မျက်နှာလေးကတော့ကြည်လင်နေဆဲ...သို့သော်စိတ်အစဥ်တို့ကတော့ ဆန့်ကျင်ဘက်ပင်...Baekhyun ကော်ဖီဆိုင်ကပြန်လာပြီး အိမ်ရောက်တော့မိုးပင်ချူပ်နေပြီ...
အိမ်ပြန်ရောက်ထဲကစတင် လွင့်မြောနေတဲ့အတွေးတို့က လိုက်ကောက်ရမလွယ်တဲ့ သဲမှုံများလိုပင် ဟိုတစ ဒီတစ...
'Oh Sehun ကလက်ထပ်တော့မယ်တဲ့'
ထိုစကားကိုကြားကြားချင်း သူဘာခံစားချက်မှမရလိုက်...အနာပေါ်အနာဆင့်လို့ ထုံသွားတယ်ပင်ဆိုရမလား...ဒါမှမဟုတ် Shock ရစရာတွေများစွာဆက်တိုက်ကြုံခဲ့ရသည်မို့ ဦးနှောက်ကနာကျင်မှုကိုတောင်အသိပေး လှုံ့ဆော်မပေးနိုင်တော့သည်အထိ အလုပ်မလုပ်တော့သည်ပဲလား ကိုယ်တိုင်လည်းမရေရာပေ။
Oh Sehun ကတကယ်ပဲထပ်လက်ထပ်မယ်ဆိုတာဖြစ်နိုင်လား...သူနဲ့တရားဝင်မကွာရှင်းရသေးပဲ သူ့ကိုကွာရှင်းမပေးပဲနောက်တစ်ယောက်ကိုထပ်ယူမယ်ဆိုတာ ဖြစ်နိုင်လားဟုတောက်လျှောက်တွေးနေပေမဲ့လည်း အဖြေကတစ်ခုသာထွက်၏။
'တခြားသူဆိုရင်မသိပေမဲ့ Oh Sehun ကတော့ဖြစ်နိုင်သည်...သူနဲ့တစ်အိမ်ထဲအတူနေနေစဥ်ကတောင် တစ်ယောက်ပြီးတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တဲ့ Oh Sehun ကခုလက်ထပ်မယ်ဆိုတာ မဖြစ်နိုင်စရာတော့မရှိ...နားမလည်နိုင်တာက လက်ထပ်မယ့်လူက ဘောက်မဲ့ကြောင့် သူ့အပေါ်တန်းတန်းစွဲနေသလို ဟန်ဆောင်ပြနေသည်ဆိုတာကိုပင်..'