အိပ်ပျော်မနေသောအချိန်ရပ်ဝန်းတို့ တဖြည်းဖြည်းရွေ့သွားလိုက်တာ Sehun ပင်ဆေးရုံကဆင်းရပြီ...အချိန်အားဖြင့် တစ်လခွဲ...ခေါင်းရောလက်ရောပတ်တီးကင်းမဲ့သွားပြီဖြစ်၏...ပါးရိုးကတော့ပြန်ကောင်းဖို့လဝက်လောက်လိုသေးပေမဲ့ သိပ်မစိုးရိမ်ရတော့တာကြောင့် ဆရာဝန်ကဆေးရုံဆင်းခွင့်ပေးခဲ့သည်။
BH"အိမ်ပြန်မှာမလား"
SH"အင်း Hyun လိုက်ပို့"
BH"ပို့မှာပါ ငါမပို့လို့ဘယ်သူကပို့ပေးမှာလဲ...နောက်ရက်ကားပြန်မောင်းရင် ဆင်ဆင်ခြင်ခြင်မောင်းနော်"
SH"Yes Sirr"
Sehunနှင့်Baekhyunတို့နှစ်ယောက်စကားတပြောပြောဖြင့် ဆေးရုံထဲမှထွက်လာခဲ့သည်...သက်သာသွားပြီဖြစ်တဲ့Sehunကအရင်ထက်ပိုအူမြူးကာ Baekhyun ကိုခဏခကရိသဲ့သဲ့စတတ်၏...ဒီရက်တွေအတွင်း Baekhyunနဲ့Sehunတို့ပြန်ရင်းနှီးလာခဲ့သည်...ဘယ်အခြေနေမှမရောက်သော်ငြားပေါ့...
BH"ဒါနဲ့ Hun"
SH"ဗျ"
BH"ငါပြောထားတာမှတ်မိလား Hun နေကောင်းသွားရင်ပြောစရာရှိတယ်ဆိုတာ"
SH"အင်းမှတ်မိတယ်လေ ခုပြောတော့မို့လား လူတွေများကြီးကိုနော် အဆိုးလေး"
BH"ပေါတောတောလုပ်ပြန်ပြီ"
SH"ဟဲ စတာစတာ"
BH"အခုဆောင်းဦးတောင်ကျော်လာပြီမို့ ပထမဆုံးနှင်းကျတဲ့နေ့ကျရင် အဲ့စကားကိုပြောမယ်"
Baekhyun စကားကြောင့် Sehun ပြုံးလိုက်၏။
SH"အင်း ကိုယ်အဲ့နေ့အမိုက်စားဖြစ်အောင်ရွှိုင်းပြီးလာခဲ့မယ်...ကိုယ်ဘယ်သူလဲသိတယ်မလား...လူတိုင်းကြွေတဲ့ Handsome Sehun လေ"
မေးဖျားL signလုပ်ကာ ချောကြောင်းလုပ်ပြတဲ့ Sehun ကြောင့် Baekhyun ထရယ်တော့သည်။
BH"တော်ပါတော့ ပြန်မယ်"
ထို့နောက် နှစ်ယောက်သားရယ်ရယ်မောမောပင် ဆေးရုံထဲမှထွက်သွားခဲ့၏...
.....
SW"ငါလိုက်ခေါ်ပေးရမလား"
မလှမ်းမကမ်းကထွက်ခွာသွားသော ကောင်လေးကိုငေးကြည့်ကာ နေရာတွင်ရပ်နေတဲ့ JongIn ကို SongWon မေးလိုက်သည်...ဒီနေ့က JongIn ဆေးရုံဆင်းမယ့်နေ့လည်းဟုတ်၏...တကယ်လည်း JongIn ကလွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက ဆင်းရမှာဆိုပေမဲ့Baekhyunကို ခိုးကြည့်ချင်၍ဆေးရုံမဆင်းသေးပဲ ခုထိနေခဲ့ခြင်းပေ။