အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် (6:00 AM)
'မင်္လါပါရှင်...အင်ချွန်းမှဂရိ (Santorini) သို့တိုက်ရိုက်ပျံသန်းမယ့် လေယာဥ်အမှတ် SB9404 ဟာနောက်၅မိနစ်အတွင်းထွက်ခွာမှာဖြစ်သည့်အတွက် ကျန်ရှိနေသေးသောခရီးသည်များ လေယာဥ်ပေါ်သို့နေရာယူပေးပါရှင်'
Airport တစ်ခုလုံးအတွင်းပြန့်နှံ့လာတဲ့အချက်ပေးသံကြောင့် လေဆိပ်အပြင်တွင်ဆေးလိပ်ဖွာနေသော Sehun တစ်ယောက် ဆေးလိပ်ကိုအမှိုက်ပုံးထဲပစ်ထည့်ကာ Luggage ဆွဲလို့ဝင်သွားလိုက်၏...အထဲရောက်ချိန်၌ Luggae ကိုတာဝန်ယူမည့်နေရာတွင်ထားခဲ့ကာ သူအရေးကြီးပစ္စည်းများထည့်ထားသည့် တစ်ကိုယ်ရေစာအိတ်ကိုသာလွယ်လို့ လေယာဥ်ရှိရာသို့ခြေဦးလှည့်လိုက်သည်။
16နာရီကျော်ကြာမည့်ဒီခရီးစဥ်အတွက် Sehun ရေတွက်မရသော Schedule များကိုဖြတ်တောက်ခဲ့ရ၏...Chanyeol ဆီမှာ တည်နေရာအတည်ပြုချက်ရပြီးချင်း အပြေးအလွှားမရမကနည်းအမျိူးမျိူးသုံးပြီး လေယာဥ်လက်မှတ်ဝယ်ကာထွက်လာခဲ့ခြင်း...ဖြစ်နိုင်ရင် မက်ဆေ့ချ်ရပြီးထဲကထွက်လာချင်ခဲ့တာပေမဲ့ လေယာဥ်ချိန်က အစောဆုံးတောင်ဒီ၆နာရီမှရသည်မို့ Sehun အတော်စိတ်ရှုပ်လိုက်ရသည်။
Sehun သူလက်မှတ်ဝယ်ထားသည့်အထူးတန်းမှတစ်ယောက်ထဲခုံနေရာ၌ထိုင်လိုက်ရင်း လက်ထဲ၌ကိုင်ထားသော ဖုန်းအတွင်းမှရှားရှားပါးပါးတစ်ပုံသာရှိသော Baekhyunရဲ့ပုံကိုဖွင့်ကြည့်လိုက်၏။
ထိုဓာတ်ပုံအားသူအမှတ်မထင်ရခဲ့ခြင်းဖြစ်သည်...ထိုနေ့ကသူတို့နှစ်ယောက်လက်ထပ်ပြီး ၁လအကြာမှာပေါ့...သူ့အမေကBaekhyunပျော်နေလားဟုအတည်ပြုချင်သည်ဆိုကာ ဓာတ်ပုံလှမ်းတောင်း၍သူအဝေးမှလှမ်းရိုက်ပေးခဲ့ခြင်း...ဓာတ်ပုံထဲတွင်တော့ Baekhyun ကအတောက်ပဆုံးအပြုံးတစ်ပွင့်ကိုလှစွာချိတ်ဆွဲထားလျက်ပင်။
"ကိုယ်မင်းကိုသေချာပေါက်သူ့လက်ထဲကနေပြန်ခေါ်လာမှာ Baekhyun မင်းကိုယ့်ကိုစောင့်နေ"
~Ting~
'Oh Sehun မင်းလူကိုမင်းပြန်ခေါ်မှာဆိုပေမဲ့ စိတ်လိုက်မာန်ပါတွေမလုပ်နဲ့နော်...တစ်ခါတစ်လေချော့ပြီးချဥ်းကပ်ရတယ်...နောက်ဆုံးကြံရာမရမှအကြမ်းနည်းသုံး'