ဆေးရုံကိုရောက်ပြီးနောက် Sehun ရဲ့တစ်ကိုယ်လုံးကိုဆေးစစ်မှုများစွာလုပ်ရ၏...ခေါင်းကတော်တော်များတဲ့အရှိန်နဲ့ရိုက်မိသွားတာမို့ ၈ချက်ချူပ်ရသည်...ညာဘက်ကောက်ဝတ်အဆစ်ကလည်းလွဲသွားပြီး ညာဘက်ပါးမို့နေရာကအရိုးပါအက်သွားသည်တဲ့...။တော်တော်တော့အသက်ပြင်းတာ...
Nurse"လူနာကအသက်အန္တရာယ်မရှိတော့ပေမဲ့ ဦးခေါင်းဒဏ်ရာကစိတ်ချပြီးထားလို့ရတာတော့မဟုတ်ဘူးနော် ချူပ်ရိုးမဖြည်ရသေးမချင်းဂရုစိုက်ပေးပါ...ပါးရိုးလည်းအက်ထားသေးတာမို့ ကုသဆဲကာလမှာအစာမာတာတွေဝါးစားလို့မဖြစ်ပါဘူး...ဆန်ပြုတ်၊စွပ်ပြုတ် စတဲ့အရည်မျိူးပဲသောက်ပေးပါ"
Nurse မ၏ညွှန်ကြားချက်များကို Baekhyun နားထောင်ပြီးနောက်ကုတင်ပေါ်တွင်လှဲကာသူ့ကိုကြည့်နေသော Sehunကိုလှည့်ပြန်ကြည့်မိသည်...သောက်ကြောတင်းကအိပ်ဆိုတာမအိပ်ဘူး ငုတ်တုတ်။
BH"ဆေးရုံကတင်ထားဖို့လိုလားဗျ"
Nurse"တင်ထားရမှာပါ သာမန်ခေါင်းဒဏ်ရာနဲ့ပဲဆို ၁ပတ်လောက်နဲ့ပေးဆင်းလို့ရပေမဲ့ ပါးရိုးအက်ထားတာက ဆေးရုံမှာသေချာကုသမှုယူမှဖြစ်မှာပါ...ပြီးတော့ခေါင်းဒဏ်ရာကလည်း ချူပ်ထားရတာများတယ်..."
BH"နားလည်ပါပြီ"
Nurse"ဒါဆိုသွားလိုက်ပါဦးမယ်...အခန်းပြောင်းရွှေ့လုပ်ချင်တာမျိူး တစ်ခုခုလိုတာမျိူးဆိုအကြောင်းကြားလိုက်ပါ"
BH"ဟုတ်ကဲ့ပါ"
Nurse ထွက်သွားပြီးနောက် Baekhyun Sehunရဲ့ဆေးရုံကုတင်ဘေးသို့Poker Faceဖြင့်ရောက်သွား၏။
BH"မင်းမိဘတွေဆက်သွယ်ပြီးပြီလား"
SH"သူတို့Koreaမှာမရှိဘူး UK ကိုသွားလည်နေတယ်"
BH"ဒါဆိုလည်းမင်းအကောင်တွေထဲကတစ်ကောင်ကောင်ကိုဖုန်းဆက်လိုက် Nurse ပြောသွားတာကြားတယ်မလား မင်းကိုဂရုစိုက်ပေးဖို့လူတစ်ယောက်လိုတယ်"
Baekhyun ရဲ့ စကားကြောင့် Sehun ခေါင်းငိုက်စိုက်ကျသွားသည်...ထို့နောက်အသံအေးအေးတိုးတိုးကထွက်လာပါ၏။
SH"ကိုယ့်မှာအခုHyunအပြင်မရှိဘူး...ဟင်းးး ရပါတယ် Hyun ကလည်းကိုယ့်အနားမှာဘယ်နေချင်ပါ့မလဲ...ကိုယ့်ဘာကိုယ်ပဲအဆင်ပြေအောင်နေလိုက်ပါ့မယ်...ညာဘက်လက်ကဒဏ်ရာနဲ့ဆိုတော့ ဘယ်ဘက်လက်နဲ့ပဲ မသန်ပေမဲ့ကြိုးစားပြီးအစားစားလိုက်ပါ့မယ်...ညဘက်ခေါင်းတွေဘာတွေထမူးရင်တော့ ဆေးသောက်ပြီးအိပ်လိုက်မယ် ရတယ်ရတယ် Hyun စိတ်မပူနဲ့နော်"