စိမ်းစိုစိုမြက်ခင်းကြီးရဲ့နံဘေးတွင် အပြာရောင်သန်းသော ရေကန်ကြီးကစည်းချက်မှန်စွာစီးဆင်းလို့နေသည်။တိုက်ခက်နေတဲ့ လေရူးတို့က ရေကန်ကိုတဆင့်ဖြတ်သန်းလာလေတော့ ပုံမှန်ထပ်ပိုအေးမြနေစေ၏။ထိုလေရူးများကရေကန်နံဘေးက ဖြူ လွှလွှကောင်လေးဆီသို့ပါ အခစားဝင်လေတော့ ကောင်လေးရဲ့အိစက်စက်ဆံသားလေးများက ကပိုကယို...ဝတ်ထားတဲ့ပိတ်ပါးသားအဖြူ ရောင်အင်္ကျီကလေးရဲ့အနားသားတို့က တလွင့်လွင့်...ဟန်ပန်မူရာသည်ကလေရူးများလိုပင် အေးစက်လှသော်ငြား မြင်ကွင်းသည်ကတော့လှပလို့နေသေးပါသည်။ထိုမြင်ကွင်းလေးထဲကဇာတ်လိုက်သည်ကား Baekhyunပါပေ။
BH"ပြောစရာရှိတယ်ဆိုပြီးခေါ်လာတာမလား...ဘာလို့ဘာမှမပြောတာလဲ?"
ရေကန်ကြီးရဲ့တဖက်ကမ်းကိုငေးရင်း သူ့နောက်တွင်ကားကိုမှီကာရပ်နေသော SehunကိုBaekhyunမေးခွန်းထုတ်လိုက်၏။ဒါဟာ၂နှစ်အတွင်းသူတို့နှစ်ဦး အတူတူအပြင်သို့ထွက်လာသည့် ၄ကြိမ်မြောက်ပေ...မနက်စောစောထဲကပြောစရာရှိသည်ဆိုကာ သူ့အားထိုနေရာသို့ခေါ်လာတဲ့Sehunဟာ ရောက်လာပြီးမိနစ်အတော်တန်ကြာသည့်တိုင် ဘာမှထုတ်ပြောမလာသည်မို့ Baekhyunကပင်စကာမေးခွန်းထုတ်ရခြင်း။မေးခွန်းအဆုံးတွင်တော့ Sehunဟာသူ့နံဘေးသို့အသာလေးလျှောက်လှမ်းလို့လာ၏။
SH"မင်းငါနဲ့ကွာရှင်းချင်တယ်မလား?"
စကားအစပျိူ းသည်ဟုထင်ရတဲ့အမေးစကားကြောင့် Baekhyun,Sehunအားတချက်မျှ လှည့်ကြည့်ကာရေကန်ကြီးကိုတဖန်ပြန်ငေးနေလိုက်သည်။
BH"အင်း..."
တွေဝေခြင်းအလျဉ်းမရှိတဲ့ Baekhyunရဲ့ တစ်လုံးထဲသောအဖြေစကားသည်ကား ရှင်းလင်းပြတ်သားလှစွာ...Sehunရယ်ကတော့ထိုအဖြေကြောင့် ရင်ထဲသိမ့်ခနဲ...ဘာဖြစ်မှန်းရယ်လဲသူမသိပါ။
SH"ကောင်းပြီငါမင်းကိုကွာရှင်းပေးမယ်Baekhyun"
လိုချင်သောအဖြေကိုရသည့်နောက် Baekhyunနှုတ်ခမ်းပါးလေးတွန့်ကွေးရုံမျှ ပြုံးလိုက်သည်။သို့သော်ပျော်နေ၍မဟုတ်။
BH"အင်း..."
လေရူးတို့သယ်ဆောင်လာတဲ့ ကန်ရေပြင်ထဲကရေမှုန်ရေမွှားတွေက Baekhyunပါးပြင်နုနုလေးနား တလှပ်လှပ်တိုးလို့ထိကပ်လို့နေ၏။မျက်နှာလှလှပိုင်ရှင်လေးကတော့ စကားပြောချင်စိတ်ပင်ရှိမနေသည်လား...အသံချိူ ချိူ အားပေးသနားဖို့နှမြောနေသည်လားမသိ ဘေးကလူအား'အင်း'တစ်ခွန်းသာပြန်ဆိုသည်။