Unicode
ည၁၂နာရီကျော်သွားပြီမို့ ဂျူတီလဲရမည့် barmanတွေလဲ ဆိုင်ရောက်လာကြပြီ။
ကျန်းကျယ်ဟန့်နဲ့ သူ့ရဲ့တွဲဖက်barmanဖြစ်သူ ကုဖေးတို့လဲ အလုပ်ချိန်ပြီးပြီမို့ အဝတ်လဲခန်းဆီဝင်လိုက်ကြ၏။
ကုဖေးက ကျယ်ဟန့်ထက် အသက်တစ်နှစ်ပိုကြီးပြီး barmanလုပ်သက်လဲ ပိုရင့်တဲ့ စီနီယာလိုလူတစ်ယောက်။
တော်ရုံရင်းနှီးမလွယ်တတ်ဘဲ ၊ တဲ့တိုးစကားဆိုတတ်တဲ့ကုဖေးရဲ့ ဘွင်းဘွင်းရှင်းရှင်းအကျင့်စရိုက်ဟာ တခြားသူတွေအတွက်တော့ အနည်းငယ်အမြင်ကတ်စရာကောင်းနေနိုင်ပေမဲ့ ကျယ်ဟန့်အတွက်ကတော့ လေးစားရတဲ့စီနီယာတစ်ယောက်ပေမို့ အဆင်ပြေသည်ထက်ပိုသည်။
အဝတ်လဲခြင်းအမှုကို အရင်ဆုံးအပြီးသတ်ပြီးလိုက်တဲ့ကျယ်ဟန့်က ဆိုင်အတွင်းခန်းထဲ တစ်ယောက်ထဲ ခပ်ကုပ်ကုပ်ထိုင်နေတဲ့ကောင်လေးဆီ ခြေဖွကာ လျှောက်သွားလိုက်၏။
"ဘာတွေဆွဲနေတာလဲ"
တမင်ခြောက်လန့်လိုစိတ်မပါဘဲ ဆိုလိုက်တဲ့ အသံငြိမ်ငြိမ်လေးဆိုပေမဲ့ ကောင်လေးကတော့ လန့်ဖြစ်အောင်လန့်သွားပါသေးသည်။
"အား!"
"အာ..ဆောရီးဆောရီး..အကို လန့်အောင်လုပ်လိုက်မိပြီ"
ကောင်လေးကတော့ အနည်းငယ်ကမောက်ကမဖြစ်သွားတဲ့ သူ့ရဲ့ဘယ်ဘက်ရင်အုံနားကိုဖိလို့ ဖျော့ဖျော့လေးပြုံးကာဖြင့် ခေါင်းအသာယမ်းပြလာ၏။ ထို့နောက် ဆွဲလက်စပုံကြမ်းပန်းချီလေးကို ကျယ်ဟန့်ဘက် ပြလိုက်ရင်း...
"ကျောင်းမှာပရောဂျက်တစ်ခုရှိလို့ အကိုရဲ့...အမှန်အတိုင်းပြောရရင် ဘယ်themeကို ဆွဲကြည့်ရမလဲဆိုတာ ကျွန်တော်အခုထိမစဥ်းစားရသေးဘူး...ဒီတိုင်း ခေါင်းထဲရှိရာတွေကိုပဲ လျှောက်ပြီးပုံကြမ်းချဆွဲကြည့်နေတာ"
"အော်..."
ကောင်လေးပြလာတဲ့ မပြီးပြတ်သေးတဲ့ခဲခြစ်ပုံကြမ်းထဲမှာက လူတစ်ဦးရဲ့ကျောပြင်တစ်ခုရှိနေ၏။ ကျယ်ဟန့်က ထိုင်ခုံအပုလေးပေါ်ကျုံ့ကျုံ့လေးထိုင်နေခဲ့တဲ့ ကောင်လေးရဲ့ပခုံးကိုဖွဖွလေးပုတ်လို့ နွေးထွေးစွာပြုံးပြလိုက်ရင်း....
YOU ARE READING
Insanely (Completed)