Unicode
လက်ဖဝါးကျယ်တွေထဲ အံဝင်ခွင်ကျရှိနေတဲ့ လက်နွေးနွေးလေးကိုဆုတ်ကိုင်ထားရင်း လေသာဆောင်ကနေမြင်နေရတဲ့ တမျှော်တခေါ်ရှုခင်းတွေဆီ ကုန်းကျွင့်တစ်ယောက် ငေးမောကြည့်နေမိသည်။
တောင်တန်းစိမ်းတွေကြား ကွေ့ကောက်စီးဆင်းနေတဲ့စမ်းချောင်းငယ်တွေ ၊ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ခပ်ရေးရေးမျှမြင်နေရတဲ့ တနိုင်တပိုင်စိုက်ပျိုးထားသည့် အသီးအနှံခင်းလေးတွေ။
ပထမဦးဆုံးတွေ့ခဲ့တဲ့နေ့တုန်းကလို မိုးပြာရောင်ပေါ် အဖြူဆင်းလေးတွေ ခပ်စိပ်စိပ်ပါတဲ့ ရှပ်အက်ျီလေးကိုဝတ်ဆင်ထားပါသည့် ချစ်ရသူ ကောင်းကင်ငယ်လေးဟန့်ကတော့ ကုန်းကျွင့်ရဲ့ရင်ခွင်ထဲ ခေါင်းလေးမှီရင်း လေသာဆောင်အပြင်ဘက်က ရှုခင်းတွေကို ငေးကြည့်လို့ပေါ့။
အတူထိုင်နေကြတဲ့ သစ်သားစားပွဲရဲ့အပေါ်မှာက lily of the valleyတွေချည်း အလှဆင်ထားတဲ့ ပန်းအိုးလေးတစ်ခုရှိပြီး ၊ lily of the valleyဆီက ရနံ့မွှေးမွှေးဟာ လေသာဆောင်တစ်ဖက်ကရှုခင်းတွေနဲ့ တစ်မျိုးတစ်ဖုံလိုက်ဖက်မှုရှိနေသည်။
lily of the valleyဆိုတဲ့ပန်းတွေက ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းကို အဓိပ္ပါယ်ဆောင်သည်တဲ့။
ကြည်နူးစရာအခိုက်အတန့်လေးထဲ တစ်ကိုယ်တည်း အတွေးနယ်ချဲ့ရင်း ကုန်းကျွင့်တစ်ယောက် ပြုံးလိုက်မိသည်။ သူ့အတွက်တော့ ကံကောင်းခြင်းတွေ ၊ ပျော်ရွှင်ခြင်းတွေဟာ ဟန့်ဆိုတဲ့လူသားလေးဆီကနေ အစပြုသည်လေ။
ရုတ်တရက်ဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးဆီအကြည့်ပို့လိုက်ချိန် ၊ အပေါ်ဘက်ဆီ အပြုံးတစ်ပွင့်နဲ့ မော့ကြည့်လာတဲ့ ဟန့်ရဲ့မျက်နှာလေးနဲ့ အကြည့်စုံသွားရသည်။ သို့ပေမဲ့ သွေးချင်းချင်းနီစွာဖြင့် ဗလာကျင်းနေခဲ့သည့် မျက်လုံးပေါက်နှစ်ခုဟာ ထိုအပြုံးနုနုရဲ့အလှကို ထိထိရောက်ရောက်ဖျက်စီးပစ်လိုက်၏။
.
"ဟန့်! !"
မောဟိုက်နေတဲ့ရင်ဘတ်ကိုဖိရင်း အိပ်ရာပေါ် ထ ထိုင်လိုက်ချိန် ၊ ခေါင်းထဲတန်းပြီးဝင်လာတဲ့အသိက မတိုင်မီကဖြစ်ရပ်ဟာ အိပ်မက်တစ်ခုဖြစ်သည်ဟူ၍။
YOU ARE READING
Insanely (Completed)