-6-

576 104 78
                                    

Unicode

ဖန်ပုလင်းထဲရှိ မျက်လုံးများ~

အောက်တိုဘာလ ၂၅ရက်

ပထမဦးဆုံးမျက်လုံးတစ်စုံပိုင်ရှင် (သေဆုံးသူ မုန့်ဟွာ)

နေ့လည် ၂နာရီဝန်းကျင်။ လမ်းကြားထဲက အသံတစ်ခု။

"အစ္မ...ကျွန်တော့်ကို မှတ်မိလားဗျ"

သူမက အသက်၂၇နှစ်။
စာရိတ္တကောင်းလွန်းတဲ့အထဲမပါပေမဲ့ တစ်ဖက်သားအပေါ်ယုတ်မာတဲ့လုပ်ရပ်မျိုးကိုတော့ သူမ မလုပ်။
ယောက်ျားတွေလား? သူမအတွက်တော့ စိတ်ဆန္ဒကတောင်းတလာလျှင် ရှာဖို့မခက်တဲ့အစားတွေပေါ့။
သူမမွာ အတန်းပညာမရှိဘူး။ လောကဓံကပေးတဲ့ လူမှုဆက်ဆံရေးပညာတွေကတော့ သူမဆီမှာအပြည့်အဝ။

တစ္ည။
အတိအကျဆိုရလျှင် အောက်တိုဘာ ၂၄ရက်နေ့ရဲ့ည။
အဲဒီညက သာမန်အရက်ဘားလေးတစ်ခုမှာ သိပ်လှတဲ့ယောက်ျားတစ်ယောက်ကို သူမတွေ့ခဲ့ရသည်။ ဝန်ခံရလျှင် ပထမဦးဆုံးအကြိမ်အဖြစ် သူမ ရင်ခုန်ခဲ့မိပါသည်။ ထိုယောက်ျားက အဲဒီဘားက barmanတစ်ယောက်။ သူမဘက်က သိသိသာသာစကားလမ်းတွေကြောင်းပေးနေသည့်တိုင် ထိုယောက်ျားက ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့သေးသည်။ သာမန်ယောက်ျားတွေသာဆိုလျှင်တော့ ၅မိနစ်၁၀မိနစ်အတွင်း အခန်းထဲထည့်နိုင်မည်ဖြစ်ပေမဲ့ ထိုယောက်ျားကတော့မတူ။ မုန့်ဟွာကလဲ ထိုယောက်ျားကို အဲ့အချက်ကြောင့်ပဲ ပိုလို့သဘောကျသွားမိခဲ့ခြင်းပင်။ အတွေ့အကြုံရှိပြီးသားမိန်းမတစ်ယောက်မို့ ထိုယောက်ျားကို အထိအတွေ့တချို့နဲ့ ဆက်ပြီးဆွဲဆောင်ခဲ့သေးသည်။

"အစ္မ...ကျွန်တော့်ကို မှတ်မိလားဗျ"

လမ်းကြားတစ်ခုကထွက်လာတဲ့ ကောင်လေးတစ်ယောက်။ မျက်မှန်ကိုင်းအမဲခပ်ထူထူတပ်ထားတဲ့ ထိုကောင်လေးရဲ့ရုပ်ရည်က မုန့်ဟွာရဲ့အကြိုက်တော့မဟုတ်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အူကြောင်ကြားရုပ်လေးမှန်းသိသာပါ၏။ မုန့်ဟွာကလဲ အဲဒီလိုသူငယ်နှပ်စားလေးတွေဆို လှည့်တောင်ကြည့်တတ်သူမဟုတ်။ ထို့ကြောင့် ကောင်လေးရဲ့စကားကို လစ်လျူရှုလိုက်ပြီး ခြေလှမ်းတွေကိုဆက်မည်အပြု...ကောင်လေးဆီက လေသံမြင့်မြင့်နှင့် စကားသံတစ်ခု ထပ်မံထွက်ပေါ်လာတော့သည်။

Insanely (Completed)Where stories live. Discover now