Unicode
ထိုအဖြစ်အပျက်ပြီးဆုံးပြီးတဲ့နောက်ရဲ့ တတိယမြောက်ညနေတစ်ခုမှာ စုံထောက်ဝူကျီဝေဟာ သူရဲ့တွဲဖက်နဲ့အတူ အရက်ဘားရှေ့ကို ရောက်လာခဲ့သည်။
လာရင်းကိစ္စကား တခြားမဟုတ်။
ကွင်းဆက်လူသတ်မှုမှာေသဆုံးခဲ့ရတဲ့အမျိုးသမီးတိုင်းဟာ ဒီအရက်ဘားဆီ တစ်ကြိမ်ထက်ပိုပြီး လာဖူးကြသူများဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်ကြောင့်ပင်။တစ်ယောက် ၊ နှစ်ယောက်မျှမဟုတ်။
မကြာသေးမီက တွေ့ရှိခဲ့ရသည့် အလောင်းပိုင်ရှင်စုချင်းဖုန်းအပါအဝင် သေဆုံးသူငါးယောက်စလုံးဟာ ဒီအရက်ဘားရဲ့ဧည့်သည်တွေဖြစ်ခဲ့ဖူးကြသည်ချည်းသာ။"မင်း ဘာဆက်လုပ်ဖို့တွေးထားလဲ ကျီဝေ"
ဆိုင်အဝင်ဝနားမှာတပ်ဆင်ထားတဲ့ CCTV cameraထံ မမှိတ်မသုန်စူးစိုက်ကြည့်နေခဲ့တဲ့ကျီဝေ့ဆီ ကားပေါ်အတူပါလာတဲ့တွဲဖက်စုံထောက်ကအမေးဆိုလိုက်၏။
ကျီဝေကတော့ ချက်ချင်းအဖြေပြုမလာခဲ့။ သူက CCTV cameraဆီ တွေဝေစွာငေးမောနေဆဲပင်။
လူလွတ် အမျိုးသမီးတွေ။
အသက် ၂၀နဲ့ ၃၀ ဝန်းကျင်။
အရက်ဘား။
ထိုမျှလောက်သဲလွန်စပိစိလေးတွေက လူသတ်ကောင်ကိုဖော်ထုတ်ဖို့ရန် လုံလောက်မှုရှိမနေတာသိသာပါ၏။ သူတို့ ဒီထက်ပိုသိရဖို့လိုသည်။ ဆိုက်ကိုဆန်ဆန်လူသတ်သမားတစ်ယောက်ရဲ့ သားကောင်ရွေးချယ်မှုကို တိတိကျကျမမှန်းဆနိုင်သေးသ၍ နောက်ထပ်နောက်ထပ်အသက်ပေးရဦးမည့်မိန်းကလေးတွေရှိလာနိုင်သည်မို့ လက်ရှိမှာ ထိုအခြေအနေအတွက် သူတို့လုပ်နိုင်သည့်အရာဆိုလို့ တစ်ခုတည်းသာရှိတော့သည်။
"ဒီအရက်ဘားဆီလာတဲ့ အသက်၂၀နဲ့၃၀ဝန်းကျင်အမျိုးသမီးတွေကို တစ်ယောက်မကျန် စောင့်ကြည့်ကြတာပေါ့"
"မင်းတကယ်ကြီးပြောနေတာလား...
အဲဒါက ငါတို့နှစ်ယောက်ထဲလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးနော်...ကျန်တဲ့အဖွဲ့သားတွေကိုပါ အတူပူးပေါင်းခိုင်းမှဖြစ်မှာ""အဲဒါဆိုလဲ ပူးပေါင်းခိုင်းရုံပေါ့"
"ဒါပေမဲ့ ခေါင်းဆောင်က"
YOU ARE READING
Insanely (Completed)