Unicode
လွန်ခဲ့တဲ့တစ်ပတ်ကျော် ကျန်းကျယ်ဟန့်စီစဥ်ခဲ့တဲ့ နှုတ်ဆက်ပွဲညက~
ထိုနေ့က သူဌေးဖြစ်သူပြီးလျှင် အားလုံးထက် နောက်အကျဆုံးသူဟာ စုံထောက်ဝူကျီဝေပင်။ ၄င်းရောက်ရှိလာပြီး မိနစ်အနည်းငယ်အကြာမှာမှ သူဌေးရောက်လာခဲ့ပြီး ပွဲရဲ့ရည်ရွယ်ချက်ကို အားလုံးထံပြောကြားလာ၏။
"နောက်ကျသွားတာ ဆောရီးပါကွာ
တကယ်တော့ ဒီပွဲရဲ့ဇာတ်လိုက်က ဟောဟိုက ကျယ်ဟန့်ပဲ..ကျယ်ဟန့် ဒီလာလေကွာ"ခပ်ပြုံးပြုံးနဲ့ ဝိုင်းကနေထထွက်သွားတဲ့ကျယ်ဟန့်ကိုကြည့်ရင်း ကုန်းကျွင့်နဲ့ ကျီဝေတို့နည်းတူ ကုဖေးသည်လဲ တအံ့တဩ။
"ဒီနေ့ပွဲကို ကျွန်တော့်အနေနဲ့ခေါင်းစဥ်တပ်ရရင် နှုတ်ဆက်ပွဲလို့ပဲပြောရမယ်ထင်တယ်...ဘာလို့ဆို ကျွန်တော်က မကြာခင် ဒီဘားလေးကနေ နှုတ်ဆက်ထွက်ခွာတော့မှာမို့ပါ...ကျွန်တော် ဒီလကုန်တာနဲ့ မဂ်လာကိစ္စအတွက် တရုတ်ကနေ ထွက်တော့မှာပါ"
နားထဲအစီအရီဝင်ရောက်လာတဲ့ ထိုစကားလုံးတွေက ကုဖေးကို အသက်ရှူပင်ကျပ်သွားစေသည်အထိ။
ထိုလူသားက ထွက်သွားတော့မည်တဲ့။
နောက်ပြီးတော့ မဂ်လာကိစ္စတဲ့လေ။"အဲဒါကြောင့် ဒီနေ့မှာ သူဌေးဆီကခွင့်တောင်းပြီး ညနေပိုင်းတစ်ပိုင်းလုံးအတွက် ဆိုင်ကိုကျွန်တော်ငှားထားပါတယ်...အားလုံး ကြိုက်သလောက်သာသောက်ကြပါ ဒီနေ့ကကျွန်တော်ဒကာခံပါ့မယ်"
ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ လက်ခုပ်သံတွေကြား ကျယ်ဟန့်ကတော့ ပြုံးလို့ ၊ ပျော်လို့။
ကုဖေးက ဖန်ခွက်ထဲက လက်ကျန်ယမကာတွေကို တစ်ကျိုက်ထဲ မော့ပစ်လိုက်ရင်း ပျက်ယွင်းသွားတဲ့အမူအရာတို့ကို ထိန်းချုပ်လိုက်သည်။ သို့ပေမဲ့ ထိုပူလောင်စပ်ခါးသည့်အရည်တွေကို လည်ချောင်းထဲမျှောချနေခဲ့မိတဲ့ အခိုက်အတန့်အတွင်းမှာပဲ နောက်ထပ်တစ်စုံတစ်ယောက်ရဲ့ အကျည်းတန်စွာ ပျက်ယွင်းနေတဲ့မျက်နှာတစ်ခုဟာ ကုဖေးရဲ့မြင်ကွင်းထဲ ဝင်ရောက်လာခဲ့၏။
YOU ARE READING
Insanely (Completed)