-11-

675 84 34
                                    

Unicode

အိပ်မက်။

မောင် အိပ်မက်တစ်ခုမက်ခဲ့သည်။

မောင်က ဟန့်နဲ့နှစ်ယောက်တည်း လေသာဆောင်တစ်ခုမှာ အတူထိုင်ရင်း အရှေ့တည့်တည့်ဆီက ရှုခင်းတွေကိုကြည့်ကြသည်တဲ့။

ဟန့်ကို ရင်ခွင်ထဲထည့်ထားရင်း အေးချမ်းလွန်းတဲ့ သဘာဝအလှတရားတွေကို ငေးကြည့်ရတာက မောင့်အတွက်တော့ သိပ်ကိုကြည်နူးဖို့ကောင်းခဲ့သည်။

နှာခေါင်းထဲ သင်းသင်းလေးဝင်လာတဲ့ lily of the valleyရဲ့အနံ့တွေကိုရှူရှိုက်ရင်း ဟန့်အကြောင်း တွေးနေမိတုန်း ရုတ်တရက် မောင့်ဆီမော့ကြည့်လာတဲ့ဟန့်ကြောင့် အတွေးစ ပြတ်သွားရပြီး အကြည့်တို့ကို ရင်ခွင်ထဲက ဟန့်ဆီပို့လိုက်မိသည်။

သို့ပေမဲ့ မောင်ဟာ ဟန့်ရဲ့မျက်နှာလှလှလေးအစား ၊ ခြောက်ခြားဖွယ်ကောင်းလောက်အောင် သွေးအလိမ်းလိမ်းဖြစ်နေတဲ့ မောင်ကိုယ်တိုင်ရဲ့မျက်နှာကိုသာ ပြန်မြင်လိုက်ရသည်။

.
.

ဆတ်ခနဲအကြောဆွဲသွားတဲ့ခန္ဓာကိုယ်ဟာ ခုတင်ဖြူဖြူပေါ်မှာ ဆေးပိုက်တွေပရပွနှင့်။

မျက်တောင်ထူစိပ်စိပ်တို့က တလှုပ်လှုပ်ဖြင့် ဖြေးညင်းစွာပွင့်ဟလာပြီးသည့်နောက် မျက်ဆံနှစ်ခုဟာ အခန်းနေရာအနှံ့ဆီ အကြည့်ကစားလိုက်သည်။

ဘယ်ဘက်ခြမ်းဆီမှာက ပြောင်ရှင်းနေတဲ့နံရံဖြူဖြူနဲ့ ၊ ထိုနံရံပေါ် အထီးကျန်စွာနေရာယူထားတဲ့ ပြတင်းပေါက်တစ်ခုရှိနေပြီး ၊ ညာဘက်အခန်းထောင့်မှာတော့ မတိုင်မီက အိမ်မက်ဆိုးကြောင့် ဗရမ်းဗတာဖြစ်နေတဲ့စိတ်အစုံအတွက် ကုစားရာဆေးဝါးလေး'ဟန့်'ကို ဆိုဖာပေါ် ပက်လက်လှန်အိပ်ရက်သားဖြင့် တွေ့လိုက်ရသည်။

ဟန့်က သူနဲ့အတူရှိနေမှန်း မမျှော်လင့်ဘဲ သိလိုက်ရတဲ့နောက် ကုန်းကျွင့်ရဲ့ရင်ထဲ ပြောမပြတတ်လောက်သည့် ခံစားချက်ပေါင်းစုံ ဝင်ရောက်လာပြီး ၊ နောက်ဆုံးမှာတော့ ကြည်နူးမှုတည်းဟူသောခံစားချက်လေးက သူ့ရဲ့နှလုံးသားတစ်ခုလုံးဆီ အပြည့်နေရာယူသွားတော့သည်။

သို့ပေမဲ့ ရုတ်တရက်သတိထားမိလိုက်တဲ့ လည်ပင်းဆီက မသက်မသာခံစားချက်ကြီးကြောင့် ကုန်းကျွင့်က အနည်းငယ်မျှ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ ရှူသွင်းလိုက်တိုင်း လေထုထဲ ရောပါလာတဲ့ ဆေးနံ့တွေကလဲ လူကိုခေါင်းကိုက်စေပြန်၏။

Insanely (Completed)Tempat cerita menjadi hidup. Temukan sekarang