ခမ်းနားကြီးကျယ်လှတဲ့အိမ်ကြီးတအိမ်ဟာဧကပေါင်းများစွာကျယ်ဝန်းပြီးခြံထဲမှာထည်ဝါစွာနေရာယူထားပြီးတိုက်ကြီးရဲ့မနီးမဝေးမှာတော့အလုပ်သမားအိမ်များကအစီအရီ ခြံဝန်းကြီးထဲမှာတော့ရေကူးကန် မြင်းစီးတဲ့ကွင်းဂေါက်ရိုက်ကွင်းအစရှိသဖြင့်အကုန်ရှိနေတဲ့ခြံဝန်းကြီး တိုက်ကြီးဟာနန်းတော်အလားခမ်းနားလှလွန်းသည် ထိုတိုက်ကြီးရဲ့အခန်းတခုထဲမှာတော့အိပ်ပျော်နေတဲ့ကောင်လေးတယောက်
''my son ထတော့လေ ဒီနေ့ကျောင်းဖွင့်တယ်လေဒယ်ဒီချစ်ချစ်လေးရဲ့a'
''အင့် ဟင့် တစ်မိနစ် အချိန်ပေးပါအုံးဒယ်ဒီ"
''လူဆိုးလေး၈နာရီထိုးနေပြီ"
''ဟင် အဲလောက်တောင်ရှိပီလား namနဲ့thoတော့သားကိုပြောတော့မှာပဲ"
''အလောလေး ဘာတွေလောနေတာလဲ ကဲထ ရေချိုးပြီးဆင်းခဲ့ မနက်စာစားဖို့စောင့်နေမယ်"
''ဟုတ်ကဲ့ ပါ မွ"
ဒယ်ဒီနှဖူးလေးကိုအနမ်းတပွင့်ပေးကာရေချိူးခန်းထဲဝင်သွားတဲ့ချစ်ရတဲ့သားလေးfirst
firstပြင်ဆင်ပြီးအောက်ဆင်းလာတော့စာပွဲမှာစောင့်နေတဲ့ဒယ်ဒီ
''လာ သား မနက်စာစားသွား"
''ဟူတ် ဒယ်ဒီ"
''သား မုန့်ဖိုးယူအုံးမလား"
''ပေးရင်ယူမှာပေါ့ ဘာလဲမပေးချင်ဘူးလား ဒီသားလေးတယောက်ထဲရှိနေတာကို"
''ဒယ်ဒီကဘာပြောမိလို့လဲ မုန့်ဖိုးပေးဖို့မေးတာလေ"
''ဟီးးးဒယ်ဒီအကောင်းဆုံး ဒယ်ဒီကိုအရမ်းချစ်"
''ပြောတာပဲ ပြီးရင်ဒယ်ဒီထက်ချစ်ရမဲ့လူပေါ်လာပါပီမလုပ်နဲ့"
''လုပ်ဘူး ဒီကမ္ဘာကြီးမှာဒယ်ဒီကိုအချစ်ဆုံး"
''ဟုတ်ပါပီ ဒယ်ဒီကလည်းစောင့်ကြည့်နေမှာပါနော်"
''ကြည့်ကြည့် ဟော thoလာပြီထင်တယ် သွားတော့မယ်"
''ဟုတ်ပီ myson လာပါအုံး "
firstပါးလေးကိုနမ်းလိုက်တဲ့ဒယ်ဒီfirstလည်းဒယ်ဒီကိုပြန်နမ်းကာထွက်ခဲ့လိုက်၏ ဒါကဒယ်ဒီနဲ့firstရဲ့အကျင့်ပင်အပြင်မထွက်ခင်အာဘွားပေးကြခြင်း