firstအိပ်ယာထဲဝင်ပီးမွေ့ယာပေါ်လှိမ့်ချလိုက်ပြီးjajaမျက်နှာလေးပြန်ယောင်လာကာပြုံးလိုက်မိသည်
"ခ်ခ် မင်းအရမ်းချောတယ်jajaငါ့နှလုံးသားလေးကိုမင်းစစတွေ့ခြင်းမှာပဲခိုးယူသွားခဲ့တယ် ပြီးတော့မင်းကငါ့ကိုအရေးမလုပ်ဘူးဒါပေမဲ့ငါစိတ်မဆိုးဘူး မင်းငါ့ကိုကြွေလာတဲ့အထိငါမင်းဆီလိုက်ကပ်နေမှာ ခ်ခ်"
firstတယောက်တည်းတွေးကာပျော်နေစဥ်အချိန်မှာပဲfirstဖုန်းလေးလင်းလာခဲ့တာကြောင့်ကြည့်လိုက်မိတော့ကိုကိုကြီးထံမှခေါ်ဆိုနေတဲ့ဖုန်း
''helloကိုကိုကြီး"
''babyလေးအသံမြူးနေပါလား ဘာတွေများပျော်စရာရှိနေလို့လဲ"
''အဲလောက်သိသာနေတာလားကိူကိုကြီး"
''အင်းပေါ့"
''ဟီးးးဒီနေ့လေfirstတို့ကျောင်းကိုကျောင်းသားတယောက်ရောက်လာတယ် သူကအရပ်ကလည်းအရှည်ကြီးပဲအရမ်းလည်းခန့်ညာတယ် ဒါပေမဲ့သူကfirstကိုအရေးမလုပ်ဘူးသိလား လူတွေအများကြီးfirstကိုလိုက်နေတဲ့အချိန်မှာတောင်သူကfirstကိုမျက်လုံးထဲမထည့်ဘူး"
''အဲဒါကိုfirstလေးကဘာလို့ပျော်နေရတာလဲ"
''firstသူ့ကိုချစ်မိသွားပီထင်တယ်ကိုကိုကြီး"
''......''
''hello ကိုကိုကြီး နားထောင်နေလား ကိုကိုကြီး"
''အာ အင်း ကိုကိုကြီးလိုင်းနည်းနည်းကျသွားလို့firstလေး"
''ဟုတ် firstအိပ်တော့မယ်နော် ကိုကိုကြီးလည်းညနက်အောင်အလုပ်တွေလုပ်မနေနဲ့အုံး ကျန်းမာရေးဂရုစိုက်နော်"
''ဟုတ်ပါပီfirstလေးစကားနားထောင်ပါ့မယ်"
''ကောင်းေသာညလေးပါကိုကိုကြီး"
''အိမ်မက်လှလှမက်ပါစေfirstလေး"
ကိုကိုကြီးနှင့်ဖုန်းပြောပြီးတဲ့အချိန်အခန်းထဲသို့ဒယ်ဒီဝင်လာခဲ့၏
''သား ဘယ်သူနဲ့စကားပြောနေတာလဲ"
''ကိုကိုကြီးနဲ့ဒယ်ဒီ ဒါနဲ့ ဒယ်ဒီလည်းကိုကိုကြီးဆီဖုန်းလေးဘာလေးဆက်လိုက်ပါအုံးသူများနိုင်ငံမှာတယောက်တည်းကို ဒယ်ဒီကရက်စက်လိုက်တာကိူယ့်သားကို"