''ငါမင်းကိုစတွေ့ကတည်းကချစ်မိခဲ့တာfirst ဒါပေမဲ့ မင်းနဲ့ငါကမိုးနဲ့မြေလိုကွာခြားတယ် မင်းလိုသူဌေးသားလေးကိုငါမမှန်းရဲပါဘူး ငာ့အနားမင်းလိုက်လိုက်ကပ်တိုင်းငါ့စိတ်ထဲကျိတ်ပျော်နေခဲ့တာ မင်းငါ့အိမ်မှာအိပ်တဲ့နေ့ကလည်း မင်းဖုန်းထဲကbabyလေးဆိုပြီးပြောနေတဲ့သူကိုငါထိုးပစ်ချင်လိုက်တာ ဒါပေမဲ့အဲလူကမင်းအကိုဆိုမှငါစိတ်အေးသွားခဲ့တာ ဟက် ဒါပေမဲ့ငါ့လိူဘာမှအခြေမြစ်မရှိတဲ့ကောင်ကိုခုမင်းကခွာသွားပီပဲ ကောင်းပါတယ်ငါမျှော်မှန်းထားပြီးသားပါfirst ဒါပေမဲ့ငါနာကျင်ရတယ်"
''ဟဲ့ သား"
''ဟင် ဗျာမား"
''မားခေါ်နေတာကြာပြီဘာတွေအတွေးဝင်နေတာလဲ"
''ဘာမှမဟုတ်ပါဘူး"
''ဒါနဲ့လေ သား firstလေးမလာတာနည်းနည်းကြာပီနော် နေမကောင်းဘူးလား"
''မားရယ်သူ့လိုသူဌေးသားမျိုးကသားတိူ့ဆီခနတာပျော်တာပါ ဘယ်လိုလုပ်ခင်ပါ့မလဲ"
''သားfirstလေးကအဲလိုမဟုတ်လောက်ပါဘူးကွယ်"
''ဟုတ်လို့ပဲခုဖြစ်နေပီလေ"
မားကတော့စိတ်မကောင်းဖြစ်နေပုံပေါ်သည် အေးလေ သူကဟိုငရှုပ်လေးကိုသိပ်ချစ်တာကိုး
စာကိုသာအာရုံစိုက်စမ်းပါjaရယ်အရေးမပါတဲ့အရာတွေခေါင်းထဲကထုတ်ပစ်စမ်း
ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ ပထမနှစ်ဝက်အတွက်ဝန်တခုတော့ပေါ့သွားပီလေ ငရှုပ်လေးကောဖြေနိုင်ရဲ့လားမသိဘူး jaတွေးနေမိတဲ့အချိန်
''ဟေ့ jaja ဖြေနိုင်လား ဟီးးး"
ဘာလေးလဲ firstရယ် မင်းကမင်းမဟုတ်သလိုပဲ ရှောင်ချင်တော့လည်းချက်ချင်းခေါ်ချင်တော့လည်းချက်ချင်းပါလား
''jajaငါမေးနေတယ်လေ"
''ဖြေနိုင်ပါတယ် "
''jajaဒီနေ့မင်းအိမ်လိုက်မယ်လေ မားလက်ရာ ခေါက်ဆွဲမစားရတာကြာပီ"
jaငြင်းပစ်လိုက်ချင်ပေမဲ့လက်တွေ့မှာတော့
''အင်း"
jaဘေးမှာအရင်စတွေ့တုန်းကလိူပေါက်ပေါက်ဖောက်နေတဲ့first မင်းလေးကဘာလဲကွာ