ဒီနေ့ကပြိုင်ပွဲဒုတိယနေ့ပင် ပထမနေ့ကတော့ပြိုင်ပွဲမှာခက်ခက်ခဲခဲပြိုင်ခဲ့ရတာ အဲဒီလူငယ်အဖွဲ့ကလည်းလက်ရည်ခေသူမဟုတ်ပေ jaထင်တာတော့တကယ့်finalပွဲတွင်ထိုအသင်းနှင့်ထိပ်တိုက်ပြန်တွေ့မည်ထင်၏
''လစ် ဒီနေ့ကောအသင်းခေါင်းဆောင်ပါမှာလား"
''အင်း ခေါင်းဆောင်ပါမှာမကြာခင်လာလိမ့်မယ်"
''ကျစ် လေ့ကျင့်တာလည်းမလာ ကစားတာလည်းပထမပွဲစဥ်မှာမပါ ဒါကိုဘာလို့ခေါင်းဆောင်ခန့်ထားရတာလဲ"
''ခေါင်းဆောင်ကဘတ်စကတ်ဘောဆော့တာတော်တယ် အရမ်းလည်းချောတာနော် မင်းကြွေသွားမဲ့ထဲပါတယ်"
''တော်ပါ ငါ့မှာfirstရှိပီးသား"
''တကယ်ပြောတာမင်းငါတို့ခေါင်းဆောင်ကိုတကယ်ခိုက်သွားမှာ ငါကျိန်းသေပြောရဲတယ်"
လစ်ပြောသည့်စကားကိုjaခေါင်းသာခါရမ်းမိ၏ ဘာလို့ငါကခေါင်းဆောင်ကိုကြိုက်ရမာလဲ ငါ့မှာသိပ်ကိုချသ်ဖို့ကောင်းတဲ့firstရှိနေတာကို အဲခေါင်းဆောင်ကဘယ်လောက်တောင်ချောနေတာမို့လဲ ငါfirstလေးလောက်ချသ်ဖို့ကောင်းမှာမဟုတ်ဘူး
''ဟေး friဖိုက်တင်းနော်".
''အင်း"
thoတို့နှုတ်ဆက်တာကိုခေါင်းငြိမ့်ပြကာပွဲခင်းတခုလုံးကိုကျီးကန်းတောင်းမှောက်လိုက်ကြည့်နေမိသည်
''ဘာရှာနေတာလဲja"
''firstကော သူမလာဘူးလား"
''အာ firstလား"
''inn "
''သူလာမှာပါ ဒါပေမဲ့"
''ဘာလဲ".
''မင်းကို လာအားပေးတာတော့မဟုတ်ဘူး''
''ဟင်"
namစကားကြောင့်jaစိတ်မကောင်းဖြစ်သွားရ၏ ချစ်ရသူကမိမိကိုလာအားပေးတာမဟုတ်ဘူးတဲ့ဒါဆိုတခြားလူတယောက်ကိုလာအားပေးတာပေါ့ ဒါမှမဟုတ် firstမှာမိမိအပြင်တခြားတယောက်ရှိနေတာများလား
''tho ငါ့ကိူအမှန်တိုင်းဖြေ"
''ဘာကိုလဲ"
''firstမှာငါမဟုတ်တဲ့တခြားသူတယောက်ရှိနေတာလား"