Firstအိမ်ကိုပြန်ရောက်တော့ဧည့်ခန်းထဲထိုင်နေတဲ့ဒယ်ဒီနဲ့မာမီလေး
''သား ဒီကိုလာပါအုံး"
''ဟုတ်ဒယ်ဒီ"
''သားထွက်သွားတုန်းကဒီအကျီမဟုတ်ပါဘူး"
''အာ shoppingထွက်ရင်းဒါလေးကြိုက်လို့တခါထဲဝတ်ခဲ့လိုက်တာ"
''အင်း မာမီလေးသားကိူမေးစရာရောပြောစရာကောရှိတယ် ဒီမှာထိုင်အုံး"
''ဟုတ်"
''သားမှာချစ်သူရှိတယ်ဆို ဒယ်ဒီလည်းမသိရပါလား"
ဒယ်ဒီစကားကြောင့်firstလက်ဖျားခြေဖျားများအေးစက်လာ၏
''ဟို သား"
''အမှန်တိုင်းပဲသိချင်တယ်သား"
''ဟုတ် ဟုတ်ပါတယ်မာမီလေး"
''သူ့မိဘတွေကဘာလုပ်လဲ"
''jajaတို့ကသာမာန်မိသားစုလေးပါမာမီလေး ဒါပေမဲ့ jajaကသားကိုအရမ်းချစ်....."
''တော်စမ်း"
''ဟင်"
''သဘောမတူနိုင်ဘူး အခြေမြစ်မရှိအောက်တန်းစားသာသာလူတွေနဲ့သားကိုမာမီလေးသဘောမတူနိုင်ဘူး"
''မဟုတ်ဘူး မာမီလေး jajaတို့ကသူ့တိူ့အခြေနေနဲ့သူတို့ရှိပါတယ် ရိုးသားကြတဲ့သူတွေပါ"
''ရိုးသားတာကစားလို့ရလို့လား မာမီလေးခုကတည်းကအပြတ်ပြောလိုက်မယ် အဲကောင်လေးနဲ့ဖြတ်လိုက် အပိုစကားတွေဘာမှမပြောချင်ဘူး သွား အိမ်ပေါ်တက်တော့"
firstကိုစကားတခွန်းမှပင်အပြောမခံပဲအိမ်ပေါ်သို့သာအတင်းတက်ခိုင်းနေသောမာမီလေးကြောင့်ကူကယ်ရာမဲ့စွာဒယ်ဒီကိုကြည့်မိတော့ဒယ်ဒီကပါfirstကိုစိတ်ဆိုးနေပုံပင် ဒါကြောင့်အိမ်ပေါ်သို့သာတက်ခဲ့ပြီးအခန်းထဲ၌ငိုရှိုက်နေမိ၏ အရာရာfirstကိုသာဦးစားပေးခဲ့တဲ့ဒယ်ဒီ မျက်နှာပင်တချက်အငြိုးမခံ လိူလေသေးမရှိဖြည့်ဆည်းပေးခဲ့တဲ့ဒယ်ဒီကခုတော့မိမိကိုစိတ်ဆိုးဒေါသထွက်နေတာကြောင့်firstအရမ်းဝမ်းနည်းမိ၏
firstမာမီလေးစကားအတိုင်းမလုပ်နိုင်ပါ jajaကိုနှလုံးသားနဲ့ရင်းပီးချစ်ခဲ့တာမို့ဘာတွေပဲဖြစ်လာပါစေလက်လွှတ်ဖို့firstလုံးဝအတွေးမရှ်ိပေ