ကျိရန်မျက်နှာလုံးဝမကောင်းတာကြောင့်ယွီပင်းစိုးရိမ်ထိတ်လန့်စွာရိပေါ်ရှိရာအိပ်ခန်းဆောင်ထဲဝင်လာမိသည်။အနားမှဖန်ရှင်းကသွေးတွေပေကျံနေသောအဝတ်စကိုရေထည့်ထားသောကြွေခွက်ထဲထည့်ကာသွေးစင်အောင်ဆေးနေ၏။ရိပေါ်ကမောဟိုက်နွမ်းလျနေဟန်ဖြင့်အိပ်ယာထက်တွင်လဲလျောင်းနေရှာ၏။
မျက်နှာတို့ကချောင်နေပြီးဖြူရော်ရော်ဖြစ်ကာနှုတ်ခမ်းတို့သည်လည်းအရောင်မရှိတော့ပေ။ဝေ့ဝဲကြည့်မိတော့
ကြမ်းပြင်တွင်ပြန့်ကျဲနေသောအရက်နှစ်အိုးသုံးအိုးကိုတွေ့ရ၏။ယွီပင်းသက်ပြင်းကိုခပ်ဖွဖွချကာရိပေါ်၏လက်တစ်ဖက်ကိုယူပြီးသွေးကျောစမ်းကြည့်သည်။ပြီးတော့လိုအပ်သလိုစစ်ဆေးနေတော့သည်။
"အရက်တွေသောက်ထားမိတယ်မလား"
"ဟုတ်ပါတယ်"
"ဘာကြောင့်မတားသလဲ"
"တားလို့ရရင်တားခဲ့ရောပေါ့"
ကျိရန်၏ညိုးနွမ်းနွမ်းအသံ။
ရိပေါ်ကအိပ်ပျော်နေသည်မို့သူတို့တွေသိပ်ပြီးလိုတာထက်ပိုမပြောကြပေ။ယွီပင်း၏လှုပ်ရှားမှုများကိုစုန့်ကျိရန်နှင့်ဖန်ရှင်းတို့ကလိုက်ကြည့်နေမိပြီးတိတ်ဆိတ်မှုတို့သည်လူလေးယောက်ကြားတွင်ဝေ့ဝဲပျံ့နှံ့နေတော့၏။
ကျိရန်အိပ်ပျော်နေသောရိပေါ်ကိုသာငေါင်ငေါင်ကြီးငေးစိုက်ကြည့်နေမိရင်းရင်ထဲမှာဝမ်းနည်းမှုတို့လှိုင်တက်လာသည်။
"သြော်...သခင်လေးရယ်"
ဂရုဏာသက်စွာပြောမိလေသည်။
အရက်မသောက်ပါနဲ့ဟုအတန်တန်တားနေသော်လည်းရိပေါ်ကထိန်းမရခဲ့ပေ။အရက်နှစ်အိုးလုံးကိုကုန်စင်အောင်သောက်ပြီးတာတောင်ထက်ဝယ်ခိုင်းနေပြန်ပြီ။
စုန့်ကျိရန်တို့ခေါင်းခဲရပြီ။
"တော်ပါတော့သခင်လေးရယ်...မသောက်ပါနဲ့"
"ဝယ်...သွားဝယ်..."
ရိပေါ်ကခေါင်းပင်မထောင်နိုင်အောင်မူးနေသော်လည်းထပ်ကာထပ်ကာဝယ်ခိုင်းနေတော့ကျိရန်မှာလဲအထပ်တလဲလဲ
ငြင်းနေရသည်။ဖန်ရှင်းကလဲဝင်တားရှာပါသည်။
YOU ARE READING
"ခမည်းတော်" (ခမည်းတော်)(Complated)
Romanceငါ့ကိုယ်ပေါ်ကလက်တွေဖယ်လိုက်စမ်းဝမ်...ငါကမင်းရဲ့ခမည်းတော်...မင်းမရိုင်းနဲ့။ ခမည်းတော်၏ချစ်ဖို့ကောင်းသည့်အမူအယာတွေကြောင့်ရိပေါ်ပေါက်ကွဲထွက်တော့မည့်စိတ်တွေကိုထိန်းချုပ်ထားရသည်။ထို့တိုင်ခမည်းတော်၏အပြစ်ကင်းစင်လှသောအကြည့်တွေကြောင့်ချစ်ခြင်း၏အခိုးအငွေ့တစ်ချိ...