(Uni)
အိပ်ယာထက်မှာလှဲလျောင်းနေရင်းကလှမ်းမြင်နေရတဲ့ခမည်းတော်နဲ့သမားတော်ယွီကိုရိပေါ်ငေးကြည့်နေမိသည်။ခမည်းတော်ကဝမ်းပမ်းတနည်းငိုကြွေးနေပြန်ပါပြီ။
သမားတော်ယွီကလည်းဘာမှမတတ်နိုင်သလိုလက်မှိုင်ချကာငြိမ်သက်နေပါ၏။သူ့အနီးနားမှာကျန်ရစ်ခဲ့တဲ့ဖန်ရှင်းနဲ့အထိန်းတော်စုန့်ကလဲခမည်းတော်နဲ့သမားတော်ယွီကိုသူ့ကဲ့သို့ပင်အဝေးမှလှမ်းမျှော်ကြည့်နေကြပါသည်။
"ပေါ်ကော"
ဖန်ရှင်းကရိပေါ်သတိလည်လာတာကိုသတိထားမိသွားပြီဝမ်းသာအားရဆိုသည်။
"သခင်လေးဝမ်...အဆင်ပြေရဲ့လား"
သူကမပြောမဆိုနဲ့ထထိုင်တော့အထိန်းတော်ကျိရန်ကကူဖို့ဟန်ပြင်သည်။ဒါကိုသူကလက်ကာပြလိုက်ရင်းသူ့ဘာသာထထိုင်ပါ၏။
"ခမည်းတော်"
သူ့အသံကတိုးဖျော့လွန်းတာကြောင့်ဟိုးတစ်ဘက်မှရှောင်းကျန့်ကကြားနိုင်စွမ်းမရှိပါ။
"ဦးလေးကျန်း"
ဖန်ရှင်းကအလိုက်သိစွာအော်ခေါ်ပေးသည်။
ဖန်ရှင်း၏အော်သံကြားသောအခါခမည်းတော်ကဖြည်းညှင်းစွာခေါင်းလှည့်လာပါ၏။ကုတင်ပေါ်ထိုင်နေတဲ့ပြီးငေးကြည့်နေတဲ့သူ့ကိုတွေ့တော့တစ်မျိုးတစ်မည်ပြောင်းလဲသွားတဲ့ခမည်းတော်၏မျက်နှာလေး။ပြီးတော့ရိပေါ်နားကိုခမည်းတော်ကအပြေးလေးရောက်လာသည်။
"ဝမ်"
"ခမည်းတော်စိတ်မပူပါနဲ့ကျွန်တော်နေလို့ကောင်းတယ်"
"မင်းမေ့လဲကျသွားတာလေ"
"အင်းလေ..ဒါပေမယ့်အခုခမည်းတော်ကိုချစ်တဲ့စိတ်တွေကရောဂါအနိုင်ယူသွားလို့တဲ့..ပြန်ကောင်းသွားပြီ"
"ကောင်စုတ်လေး...ငါအရမ်းစိတ်ပူနေတာကို...မင်းကနောက်နေနိုင်သေးတယ်"
မျက်ရည်တွေရွှဲနေတဲ့မျက်နှာလေးကခပ်တင်းတင်းလေးဖြစ်သွားပြီးငိုထားလို့နီရဲနေတဲ့မျက်လုံးလေးတွေကနေမျက်စောင်းလှလှလေးကိုထုဆစ်ကခမည်းတော်ကရိပေါ်ကိုအသဲယားအောင်ဆွဲဆောင်လိုက်ပြန်သည်။
YOU ARE READING
"ခမည်းတော်" (ခမည်းတော်)(Complated)
Romanceငါ့ကိုယ်ပေါ်ကလက်တွေဖယ်လိုက်စမ်းဝမ်...ငါကမင်းရဲ့ခမည်းတော်...မင်းမရိုင်းနဲ့။ ခမည်းတော်၏ချစ်ဖို့ကောင်းသည့်အမူအယာတွေကြောင့်ရိပေါ်ပေါက်ကွဲထွက်တော့မည့်စိတ်တွေကိုထိန်းချုပ်ထားရသည်။ထို့တိုင်ခမည်းတော်၏အပြစ်ကင်းစင်လှသောအကြည့်တွေကြောင့်ချစ်ခြင်း၏အခိုးအငွေ့တစ်ချိ...