Part(1)

7.8K 362 1
                                    

မိဘတွေသေဆုံးခဲ့တဲ့ရိပေါ်ဘဝထဲကိုငယ်ငယ်ရွယ်ရွယ်နဲ့ချစ်ဖို့ကောင်းတဲ့လူတစ်ယောက်ဝင်ရောက်လာတယ်။

မေတ္တာရောင်စဉ်တွေလျှံကျနေတဲ့မျက်ဝန်းတွေနဲ့ကြည့်သည်။

သွယ်လျတဲ့လက်လှလှလေးတွေနဲ့လက်သီးစုပ်လေးထဲကစတော်ဘယ်ရီလုံးရဲရဲလေးကိုဖြေပြရင်း...

"စားမလားကလေး"

အပြုံးချိုချိုလေးတို့အောက်ကမှဲ့နက်လေး။မဲနက်နေတဲ့ဆံပင်။မျက်လုံးသားတို့ဟာအဖြူကြားတွင်အနီရောင်သွေးကျောတို့တစ်စတစ်စရောစပ်နေပြီးမဲနက်နေသည့်မျက်အိမ်ဝိုင်းဝိုင်းတို့သည်ယုန်လေးနှင့်ဆင်တူလှသည်မို့ရိပေါ်သဘောကျမိသည်။

သူ့လက်ထဲကစတော်ဘယ်ရီသီးရဲရဲလေးကိုသာကြည့်နေမိသည်။

"မင်းနာမည်ကဝမ်ရိပေါ်မလား"

"ဟုတ်ပါတယ်"

"ငါကအုပ်ထိန်းသူအသစ်ပါဝမ်...ငါ့ကိုခမည်းတော်လို့ခေါ်မလား"

လေသံချိုအေးအေးလေးနဲ့မေးတော့မျက်လုံးလေးတွေမျက်ရည်ဝိုင်းလာသည်။ပြီးတော့မျက်ရည်လေးတွေကျလာပြီး...

"ခမည်းတော်သသေသွားပြီ"

ငိုသံပါလေးနှင့်အော်ပြောမိ၏။

"ရှူး...ဝမ်မငိုရဘူးလေ...ခမည်းတော်ဒီမှာရှိတယ်...ဒီမှာလေခမည်းတော်"

"ဟင်...ခမည်းတော်"

မျက်ရည်လေးတွေဝိုင်းနေသောမျက်လုံးလေးနှင့်ပြူးကြည့်မိတော့ရှောင်းကျန်ကရိပေါ်၏၃နှစ်သားကိုယ်လေးကိုပွေ့ယူလိုက်ရင်း...

"အင်း..ဟုတ်တယ်ခမည်းတော်"

"ခမည်းတော်"

ရိပေါ်အားချော့မြူနေတဲ့ခမည်းတော်ရဲ့အပြုံးလှလှတို့ကြောင့်အချော့ကြိုက်သည့်ကျွန်တော့်၏စိတ်တွေသည်အားငယ်မှုတို့ကင်းစင်လာ၏။

ခမည်းတော်ရှောင်းကပြိုပျက်ကျနေသောမီးသင့်ထားသည့်ဝမ်အိမ်တော်ရှိချောင်လေးထဲမှရိပေါ်အားရှောင်းအိမ်သို့ခေါ်ဆောင်လာခဲ့၏။
ထိုနေ့မှစ၍ရိပေါ်သည်ခမည်းတော်အသစ်ရခဲ့သည်။

ရှောင်းအိမ်တော်ကိုရောက်တာကြာလာတာနှင့်အမျှရိပေါ်သည်ပိုပြီးပျော်ရွှင်တတ်လာသည်။

"ခမည်းတော်" (ခမည်းတော်)(Complated)Tempat cerita menjadi hidup. Temukan sekarang