Part(12)

2.2K 167 1
                                    

"သခင်လေးဘာအမှားလုပ်မိလိုက်လို့လဲ"

"တော်ပြီ...ပြန်မယ်"

ရိပေါ်သက်ပြင်းမောကိုမှုတ်ထုတ်ရင်းထရပ်ကာအသက်ကိုဟားကနဲအဝရှူလိုက်သည်။ပြီးတော့ခမည်းတော်၏အဆောင်ကိုတစ်ချက်လှည့်ုကြည့်အပြီးမှာလှည့်ထွက်ခဲ့၏။

စုန့်ကျိရန်လည်းရိ​ပေါ်အနောက်ကိုလိုက်ခဲ့၏။

မနက်မိုးလင်းအိပ်ယာထတော့ခါးအောက်ပိုင်းမှသိသိသာသာကိုနာကျင်နေသည်။ဝမ်ကမရှိတော့တာကြောင့်ရှောင်းကျန့်စိတ်သက်သာရာရသွားသည်။မဟုတ်ရင်ဝမ်ကိုရှက်စိတ်နှင့်ဒေါသတို့ရောစွက်ပြီးတစ်ခုခုလုပ်မိလိမ့်မည်။

ပြီးတော့ဝမ်ဆီကိုလည်းလုံးဝသွားမှာမဟုတ်သလို...ဝမ်လာတွေ့လည်းအတွေ့မခံနိုင်ဘူးဟုစိတ်ပိုင်းဖြတ်ထားလိုက်၏။

ရှောင်းကျန့်တော်တော်ရှက်ရပါသည်။ပြီးတော့ဝမ့်ကိုတကယ်နာကျင်သွားမိ၏။

ဝမ်ရိပေါ်~~~

နန်းမြို့အပြင်ဘက်ကစံအိမ်တော်မှာရက်အကန့်အသတ်မရှိပြောင်းရွှေ့နေထိုင်ဖို့ငါအမိန့်ပေးလိုက်တယ်

ရှောင်းကျန့်//

ရေးခြစ်လိုက်ပြီးသောစာကိုအထပ်ထပ်အခါခါဖတ်ရင်းအစေခံမှတစ်ဆင့်ဝမ့်ဆီပေးသင့်မပေးသင့်အကြိမ်ကြိမ်စဉ်းစားရင်းစာရွက်ဖြူလေးကိုလုံးစုတ်ပစ်ရင်းခပ်လှမ်းလှမ်းသို့ပစ်ပေါက်လိုက်သည်။

ဘယ်လိုများနှင်ထုတ်ရက်မှာလဲ။
သူကိုယ်တိုင်သူ့ရဲ့လက်တွေနဲ့ချီပိုးပြီးရှောင်းအိမ်တော်ကိုခေါ်လာခဲ့တဲ့ဝမ့်ကိုဘယ်လိုစိတ်မျိုးနဲ့နှင်ထုတ်ရက်ပါ့လဲ။

ဒါပေမယ့် သူရှက်တယ်
အရမ်းကိုရှက်တယ်။
ဝမ့်ကိုတော့ချစ်တာမှန်ပါတယ်..ဒါပေမယ့်မျက်နှာချင်းမဆိုင်မအောင်ရှက်တယ်။

ပြီးတော့ဝမ်ကလဲသူ့ကိုအလေးမထားဘူး။မလေးစားဘူး။
တန်ဖိုးလဲမထားဘူး။

ဝမ့်အတွက်သူဟာဘာမှမဟုတ်လို့အခုလိုလုပ်ရက်မျိုးကိုကျူးလွန်ခဲ့တာပဲ။

ဝမ်...မင်းကိုငါမမုန်းရက်ဘူး..
ဒါပေမယ့်မင်းရဲ့လုပ်ရက်အပေါ်ငါအရမ်းဝမ်းနည်းတယ်။

"ခမည်းတော်" (ခမည်းတော်)(Complated)Tempat cerita menjadi hidup. Temukan sekarang