"ဝမ်~~"တိုးဖျော့စွာနားထဲဝင်လာသည့်ခမည်းတော်၏ခေါ်သံသဲ့သဲ့လေး...။နားထဲမှာတော့ကျယ်လောင်စွာကြားရပါတယ်။
သို့သော်အဝေးကြီးကနေပြေးလာသလိုပဲ။ခမည်းတော်၏အသံဟာဟိုးအဝေးကြီးမှလာသလိုပါပဲ...။
ခမည်းတော်~~
ခမည်းတော်~~~ကျွန်တော်လေ~~စကားတို့ကိုပြောချင်လွန်းလှသော်လည်းနှုတ်ဖျားတို့ဟာလှုပ်ခတ်နေရုံမှလွဲ၍ပွင့်ဟမလာခဲ့ချေ။
မျက်ခွံတို့ဟာလည်းလေးလံလိုက်တာ...။ကြီးမားတဲ့ဝန်ကြီးတစ်ခုကိုသယ်ဆောင်ထားရသလိုပဲ။သတိတို့ဟာလည်းရတစ်ချက်မရတစ်ချက်။ဪလေဟာနယ်ထဲလွင့်မျောနေသလိုပါလား။
"ဝမ်...ခမည်းတော်ကိုကြည့်ပါအုံး"
ခမည်းတော်ပြန်လာပြီလား?
ဒါဟာအိပ်မက်တစ်ခုလား..ခမည်းတော်ကကျွန်တော့်ကိုအိပ်မက်ထဲမှာလာအဖော်ပြုပေး
တာထင်ပါရဲ့~~ဟုတ်ပါတယ်လေ...ခမည်းတော်ကကျွန်တော်လိုသားဆိုးတစ်ယောက်အတွက်နဲ့ပြန်လာပါ့မလားနော်~~
ဒါဟာအိပ်မက်ဆိုလည်းမနိုးထပါရစေနဲ့ခမည်းတော်..အိပ်မက်ထဲမှာတော့ကျွန်တော့်ကိုထွေးပိုက်ထားပေးပါနော်..ခမည်းတော်ရဲ့ရင်ငွေ့လောက်နွေးထွေးတဲ့အရာကိုကျွန်တော်ရှာမတွေ့လို့ပါ~~
"ဝမ်~~"
ရှောင်းကျန့်ခေါ်ကြည့်လိုက်သော်လည်းရိပေါ်၏မျက်ခွံတို့သည်ပွင့်ဟလာခြင်းမရှိပါ။
မှိတ်ထားသောမျက်လုံး၏ထောင့်စွန်းတစ်ဘက်ဆီမှာစီးကျလာတဲ့မျက်ရည်တစ်ပေါက်။ရှောင်းကျန့်၏လက်ဖျားလေးတို့သည်တုန်ယင်စွာဖြင့်ထိုမျက်ရည်လေးကိုထိတို့ကာသုတ်ပေးလိုက်ပြီးဝမ့်၏ပါးပြင်လေးကိုလက်လေးနှင့်ထိတွေ့ကာဝမ့်ကိုငေးနေမိသည်။
ဝမ့်ပါးပြင်လေးတွေကအရင်လိုနွေးမနေပါလား?
ဝမ်ရယ်...ခမည်းတော်ရဲ့ဝမ်ရယ်...ဘာကြောင့်များ..
အိပ်ယာထက်တွင်ငြိမ်သက်နေသောဝမ့်ကိုကြည့်ရင်းကြည့်ရင်းကထိန်းမနိုင်စွာမျက်လုံးအိမ်တို့မှမျက်ရည်တို့ပြိုဆင်းကျလာကြချေပြီ။
YOU ARE READING
"ခမည်းတော်" (ခမည်းတော်)(Complated)
Romanceငါ့ကိုယ်ပေါ်ကလက်တွေဖယ်လိုက်စမ်းဝမ်...ငါကမင်းရဲ့ခမည်းတော်...မင်းမရိုင်းနဲ့။ ခမည်းတော်၏ချစ်ဖို့ကောင်းသည့်အမူအယာတွေကြောင့်ရိပေါ်ပေါက်ကွဲထွက်တော့မည့်စိတ်တွေကိုထိန်းချုပ်ထားရသည်။ထို့တိုင်ခမည်းတော်၏အပြစ်ကင်းစင်လှသောအကြည့်တွေကြောင့်ချစ်ခြင်း၏အခိုးအငွေ့တစ်ချိ...