《Unicode》
ခရစ်နှစ် ၂၀၂၈ ၊ တနင်္ဂနွေနေ့ ...
ယနေ့က Sunday ပဲ။ သူ့အတွက်တော့ Sunday နေ့တိုင်းက အသစ်အဆန်း တစ်ခုလို လှပနေဆဲ။
ကြီးကျယ်မြင့်မြတ်လှသော ဗီလာ အိမ်ကြီး၏ အတွင်းပိုင်း၊ အပြင်ပိုင်း အဆင်အယင်များက သိပ်လှပါသတဲ့။
ထိုလှပသော ဗီလာ၏ အပေါ်ထပ်ဆုံး အခန်းဖြစ်တဲ့ ဗီလာ ပိုင်ရှင် ဥက္ကဋ္ဌ ရှောင်းကျန့် ရဲ့ မတိုးမကျယ် ပင့်သက်ရှိုက်သံနှင့်အတူ သူ့အောက်တွင် လှဲသိပ်ခံထားရတဲ့ အလှလေးက တောင်းပန်တိုးလျှိုးစွာ ညည်းညူလျှက် အသနားခံကြည့်ပါတယ်။
ဥက္ကဋ္ဌ က ဒါကို အရေးမလုပ်ခဲ့ပါ။ သူရဲ့ ပြင်းထန်သော ဆန္ဒများကို အဆုံးထိ စွန့်ထုတ်ပစ်တယ်။ အသားချင်း ရိုက်ခတ်သံများက ပဲ့တင်သံ ထပ်လျက် ။
❛ ဥက္ကဋ္ဌ ရှောင်း က မျက်နှာဖုံး တပ်ထားတဲ့ မကောင်းဆိုးဝါးကြီးပဲ ❜
ရှောင်းကျန့် အားရပါးရ ရယ်လိုက်တယ်။ ဒီဟာလေးက သူကို မကြောက်မရွံ့ ပြန်ခံပြောရဲတယ်။ ရယ်ရလွန်းလို့ ရှောင်းကျန့် အားတွေပါ အစွမ်းကုန် ထုတ်မိတော့တယ်။
❛ မင်းက ငါ့အပိုင်ပဲ... ငါ့ကိုပဲ ကြည့် !
မင်းယောကျ်ားရဲ့ စွမ်းဆောင်ရည်ကို မင်း နှစ်သက်ရဲ့လား ❜
မျက်နှာသေလေးနဲ့ ဥက္ကဋ္ဌ ရှောင်း ရဲ့ အမျိုးသားလေးက စက်ဆုပ်ဖွယ်ကောင်းသလို သူ့ကို ကြည့်တယ်။ ရှောင်းကျန့် ရင်ထဲ ကျဥ်ခနဲ ဖြစ်သွားရပေမဲ့ ဒါတွေက ဖြစ်နေကျမို့ မဆန်း။
သူတို့နှစ်ဦးက အပိုစကား မဆိုဘဲ ဒဲ့ပဲ ဘွတ်ဘွတ်ရှင်းရှင်း ပြောတတ်ကြတယ်။
အိမ်ထောင်ရေး တစ်ခုအနေနဲ့ လျှာနဲ့သွားလို ဆက်ဆံရေး တစ်ခု ဖြစ်ပေမဲ့ ဥက္ကဋ္ဌ ရှောင်း က အရမ်း ချစ်တတ်ပါတယ်။ ထုတ်မပြတတ်တာပါ။ ဒါကို ဥက္ကဋ္ဌကတော်လေးက အပြစ်တစ်ခုလို မြင်နေသလား။
ယခု သူတို့ နှစ်ယောက် စိတ် ကတောက်ကဆတ်ဖြစ်ထားတယ်။ သို့ပေမဲ့ Sunday ရဲ့ တာဝန်ကိုတော့ မမေ့မလျော့ လုပ်နေကြတုန်းပဲ။ အချိန်ဆိုတာ ရှိတုန်း လုံ့လထုတ် ထားရတယ်မလား။
YOU ARE READING
မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]
Fanfiction ပီယက်နီကို မောင် က ချစ်တယ် ပီယက်နီ ရော မောင် နဲ့ ထပ်တူပဲ မလား