6 。

2.5K 228 10
                                    

。Unicode 。

ဥက္ကဋ္ဌရှောင်း၏ ရုံးခန်းတွင်းတွင် လေထုက အေးစက်ထုံကျင်လျက်ရှိပြီး တင်းမာနေတဲ့ မျက်နှာထားလေးနှင့် အသက်ငါးဆယ်အရွယ်တင် နုပျိုနေသော မိန်းမတစ်ယောက်က မိကျောင်းသားရေ လက်ကိုင်အိတ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ခြေ ထားပြီး စူးရှတင်းမာနေသော အကြည့်များနှင့် ဥက္ကဋ္ဌရှောင်းကို ကြည့်နေသည်။

" မာမီ... "

မေမေ အကြည့်ရဲရဲ များကို ရှောင်းကျန့် မခံနိုင်စွာနှင့် ရှိုးတိုးရှန့်တန့် ဖြစ်သွားရပြီး မာမီကို လှမ်းခေါ်လိုက်မိသည်။

" သား , မာမီ အပေါ် ဖုံးကွယ်ထားတာ ရှိသလား "

အသံမာမာနှင့် မာမီအသံက ဟိန်းခနဲ ပေါ်ထွက်လာပြီး ရှောင်းကျန့် ကိုယ်တောင် မတ်ခနဲ ဖြစ်သွားရသည်။

" ဒီလို မေးပုံထောက်ရင် မာမီ ကျွန်တော် အကြောင်း သိနေပြီမဟုတ်လား "

ရှောင်းကျန့် မဆိုင်းမတွ မေးမြန်းလိုက်သည်။

" မာမီကို ရှင်းပြဖို့ စိတ်ကူးရှိရဲ့လား "

" ဘာရှင်းပြစရာ လိုလို့လဲ မာမီ... လူပျိုနဲ့ လူပျို ချစ်တာ အမှားလား၊ ကျွန်တော် သူ့ကို လက်ထပ်ဖို့ အထိ ရည်ရွယ်ပြီးမှ တွဲခဲ့တာပါ၊ မာမီ ကျွန်တော် အပေါ် နားလည်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ် "

မာမီ မျက်နှာက တင်းခနဲ ၊ နှုတ်ခမ်းကိုလည်း တင်းတင်းစေ့ထားပြီး မျက်ဝန်း အကြည့်များက ပိုလို့ပင် နက်နဲလာသည်။

" မာမီ သဘောမတူရင်ရော မင်း ရှေ့ဆက်မှာလား "

ရှောင်းကျန့် ခေါင်းညိတ်လိုက်သည်။ ပီယက်နီ လေးကို ချစ်ခဲ့တာ လမ်းခွဲဖို့မှ မဟုတ်ဘဲ။ အိပ်စက်နေတဲ့ သူ့နှလုံးသားလေးကို နိုးထလာစေခဲ့တာ ပီယက်နီကြောင့်ပါပဲ။ ပီယက်နီလေးက သူ့ဘဝ အစိတ်အပိုင်း တိုင်းမှာ မရှိမဖြစ် ရှင်သန်ရမဲ့ ထင်းရှူးဆီ လေး ဖြစ်တယ်။ ဒါကို မာမီ နားလည်ပေးပါ။ ဒယ်ဒီကတော့ ကန့်ကွက်မှာ မဟုတ်မှန်း ရှောင်းကျန့် သိသည်။

" ဒီကောင်လေးက ဘာတွေများ ကောင်းနေလို့ ဥက္ကဋ္ဌ ရှောင်းကျန့် က သည်းသည်းလှုပ် ဖြစ်နေရတာလဲ "

မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]Where stories live. Discover now