❬ Unicode ❭
Mac book ကို ကိုင်ရင်း အလုပ်လုပ်နေတဲ့ ရှောင်းကျန့် က သိပ်ကို ခန့်ညားလွန်းသည်။ ရွှေရောင် မျက်မှန်ကိုင်းလေးက ချွန်မြမြ နှာတံလေးဆီ ညွှတ်ကျလာတိုင်း လက်ညှိုး နဲ့ လက်ခလယ် သုံးပြီး ပင့်တင်သည်။ ရင်ဖိုစရာကောင်းသော အပြုအမူလေးတိုင်းကို ဝမ်ရိပေါ် က ရှောင်းကျန့် စာကြည့်ခန်း၏ ဆိုဖာတွင် မေးထောက်လျက်သား ချစ်ခင်ပွန်းလေးကို မြတ်တနိုးနိုး ငေးကြည့်သည်။
သားလေးကလည်း သူ့အနီးတွင် Logo ရုပ်ကလေးတွေ ထိုင်ဆက်နေ၏။ သားက တခြားကလေးတွေလို မိဘ စိတ်ဆင်းရဲအောင် နားပူနားဆာမလုပ်တတ်။ သူစိတ်ဝင်စားတဲ့ အရာ တွေ့လျှင် အဲ့အရာပေါ်မှာပဲ အာရုံစူးစိုက်တယ်။။ဤအချက်က အဖေနှစ်ယောက်နှင့် တစ်ပုံစံတည်း။
" ပါးပါး သား ဒီဟာလေး မဆက်တတ်တော့ဘူး "
" အိုကေ... "
သားကို ရိပေါ်ကပင် Logo ၏ မညီမညာ ဆက်ထားပုံလေးများကို ခပ်ဖွဖွ ရယ်ပြီး ကိုယ်တိုင်ပင် သားကို လုပ်ပြလိုက်သည်။ တစ်ခါတည်းနဲ့ တတ်တဲ့ သားက တကယ့် ဥာဏ်ကောင်းတယ်။
" Logo ဆက်ပြီးရင် အိမ်စာ လုပ်ရမယ်နော် "
ရိပေါ်က သားကို သူများနဲ့ မတူ ထူးချွန်စေချင်တာမို့ လေးနှစ်အရွယ် ရှိသေးတဲ့ သားကို ပညာတွေ ဆည်းပူးစေချင်သည်။ ထိုကြောင့် အိမ်တွင် မူကြိုဂိုက်ဆရာမ တစ်ယောက် ငှားလိုက်၏။ ရှောင်းကျန့် က မကန့်ကွက်။ အရာရာ ရိပေါ်သဘောအတိုင်းတဲ့။ ရိပေါ်က ဤအိမ်တွင် သြဇာညောင်းတယ်။
" ဟုတ်ကဲ့ ပါးပါး "
" အင်္ဂလိပ် စကားကိုလည်း တက်တက်ကြွကြွ လိုက်မှတ်နော် ... ပါးပါးက သားကို နိုင်ငံခြားပညာသင်ပါ လွှတ်ပေးမှာ။ ဒီပလိုမာ ဘွဲ့တွေ သား ရအောင် ယူရမယ် "
" စိတ်ချပါ ပါးပါး "
အတိုင်အဖောက် ညီနေသော ရိပေါ်နှင့် သားကို ရှောင်းကျန့် အာရုံက မျက်ဝန်းထောင့်လေးကနေ လှမ်းရှိုးရင်း ခပ်လွန့်လွန့် ရယ်လိုက်မိသည်။ သားက အခုမှ ကလေးရှိသေးတာကို ရိပေါ်က အဝေးဆုံးထိ တွေးထည့်ပစ်လိုက်တာပဲ အဟွန်းဟွန်း။
![](https://img.wattpad.com/cover/288598156-288-k950994.jpg)
VOCÊ ESTÁ LENDO
မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]
Fanfic ပီယက်နီကို မောင် က ချစ်တယ် ပီယက်နီ ရော မောင် နဲ့ ထပ်တူပဲ မလား