10 。( Final )

4K 242 23
                                    

Unicode

" ရှောင်းကျန့် ... မောင်ရေ လာဦး "

ကြည့်! ဒီဗိုက်ကလေး အလျော့ပေးလို့ ဘယ်အငြိုးနဲ့ နိုင်စားနေလည်း မသိပါဘူး။ ရှောင်းကျန့် ဘေစင်ကနေ ခပ်မြန်မြန် အသီးဆေးလိုက်ပြီး ပန်းကန်ပြားထဲ ထည့်ကာ ပီယက်နီ လေးရှိရာဆီ ခပ်သွက်သွက် ပြေးရပြန်ပါသည်။

" လာပါပြီဗျ "

" အသီးဆေးတာလည်း ကြာလိုက်တာ ...
ငါက တခြားသူနောက် လိုက်သွားပြီမှတ်တာ "

အကန့်တွေချည်း ရွေးပြောပြီး ရှောင်းကျန့် ကိုလည်း မျက်မှောင်ကြုတ် ကာ အလိုမကျသလို အကြည့်စူးစူးနှင့် ကြည့်သည်။

ကိုယ်ဝန် ခုနှစ်လကျော် ရောက်နေပြီမို့ ပီယက်နီ လေးက ကိုယ်ဝန်သည်တို့ သဘာဝ စိတ်အခြေအနေက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ မိုင်းတစ်လုံးလို ဘယ်နေရာမှာ အတိအကျ ထောင်ထားလည်း မသိရတဲ့ ပုန်းခိုဗုံး တစ်လုံး ဖြစ်သည်။

" ဒီဗိုက်ကလေးကိုတောင် ချစ်မဝတာ တခြားသူကို ခေါင်းထဲ ထည့်ဖို့ စဥ်းတောင် မစဥ်းစားမိဘူး "

" သြော်... ဆိုလိုချင်တာ နှလုံးသားထဲတော့ ထည့်ဖို့ ရည်ရွယ်ထားတယ်ပေါ့ "

ရှောင်းကျန့် မှာ မျက်ခုံးလေးပင့်ရင်း မချိတင်ကဲ ပင့်သက်ဖြာလိုက်ရသည်။ ဝမ်ရိပေါ် လေး ဗိုက်ထဲက ကလေးက မိန်းကလေး များလား မသိပါဘူး။ တစ်ခုခုဆို ရစ်ဖို့၊ စိတ်ကောက်ဖို့၊ စားဖို့သောက်ဖို့ပဲ သိလေသည်။

" ဘာလဲ မဖြေချင်ဘူးလား ...
သိလိုက်ပါပြီ မောင် ငါ့ကို မချစ်တော့ဘူးပဲ။ ရပါတယ် ထွက်သွားပါ "

သီချင်းထဲက စာသားတွေနဲ့တောင် မိမိကို နှင်ထုတ်နေသေးတယ်။ ရယ်ချင်ပက်ကျိ မျက်နှာလေးနှင့် ရှောင်းကျန့် ပြုံးတုံ့တုံ့ကလေး လိမ္မော်သီး အခွံနွှာကာ ပီယက်နီ လေးကို ကျွေးလိုက်သည်။ အစားကျ မငြင်းဘူး။ တန်းစားတာပဲ။

" သားရော ဘယ်သွားလဲ "

" ဟောဗျာ... သားက ကျောင်းသားလေ။ ကျောင်းဖွင့်တော့ ကျောင်းတက်ရတယ်။
ပီယက်နီ မေ့နေတယ်လို့ မပြောနဲ့နော် "

မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]Where stories live. Discover now