7 。

2.5K 233 7
                                    

// Unicode //

" ဘယ်ကို သွားမယ်ဆိုတာ ပီယက်နီ ကို မပြောတော့ဘူးလား "

ဘေးခုံကနေ ဘောက်ဆတ်ဆတ် ထွက်လာတဲ့ ပီယက်နီ အသံကလေးကြောင့် ရှောင်းကျန့် နှုတ်ခမ်းလေး လှစ်ခနဲ ကွေးတက်သွားရသည်။

လက်တစ်ဖက်တည်းနှင့် စတီယာရင်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နေတဲ့ ရှောင်းကျန့် သည်  လွတ်တဲ့ လက်တစ်ဖက်နှင့် ဖြူနုသွယ်လျတဲ့ ကြင်နာသူ၏ လက်ချောင်းလေးများကို ထွေးဆုပ်ကိုင်ထားသည်။

" ရောက်ရင် သိရမှာပေါ့ မောင့်အချစ်ရယ် "

" ရောင်းစားဖို့များ ဒီလူကြီး ကြံနေတာလား "

" ဖွဟဲ့  လွဲပါစေ ဖယ်ပါစေ...
မပြောမကောင်း မဆိုကောင်းကွာ...
ဒီလူ့က မင်းလေးကို ချစ်လို့တောင် မဝသေးတာ တစ်ပါးသူထံ ပေးဖို့ဆို စိတ်ကူးတောင် မထားဖူးဘူး "

" ချစ်လို့ဝရင် ရောင်းမယ်လို့ ဆိုလိုချင်တာလား "

ရှောင်းကျန့် မနိုင်တော့ ။ တမင်တကာ ရစ်နေမှန်း သိသည်။ သူ့ အချစ်ကလေးက အဲ့သလိုပဲ တစ်ခါတစ်ခါ ရွှတ်နောက်နောက် ထထဖောက်သည်။

" မောင် အရှုံးပေးပါတယ်ကွာ...
ပီယက်နီ ကို လုံးဝ မနိုင်ဘူး "

ရိပေါ် ထိုစကားလေးကြောင့် ခပ်လွန့်လွန့် ရယ်မောလိုက်သည်။ မနက်အစောကြီးကတည်းက အိမ်ထိလိုက်လာပြီး ဆွဲခေါ်လာတာ ဘယ်ကို သွားနေမှန်းလဲ မသိရပါ။ လူပျိုကြီး တို့ လုပ်လိုက်ရင် လူပျိုလေး လိုက်မမှီတော့ဘူး။

" ခဏလောက် အိပ်ဦးမယ် မောင် "

" အိပ်လိုက်ဦး... ရောက်ရင် မောင်နှိုးမယ် "

ရိပေါ် ပုတ်သင်ညို လေးလို ခေါင်းလေး တဆတ်ဆတ် ညိတ်ပြပြီး ကားကူရှင်ကို မှီကာ မျက်လုံးလေး မှိတ်လိုက်သည်။

မနေ့ညက အက လေ့ကျင့်တာ ညည့်နက်သွားတာမို့ ကောင်းကောင်း အနားမယူရသေး။ ဒီကြားထဲ ရှောင်းကျန့် မာမီက သူ့ဆီကို ဇာတ်လမ်းတွေထဲကလိုမျိုး ငွေပေးလာဖြတ်ခိုင်းနေကြသေးတယ်။ ရိပေါ်ကလည်း ခက်ခဲတာကိုမှ လိုချင်တဲ့သူမို့ မတော်ရသေးတဲ့ ယောက္ခမကို အရွဲ့တိုက်လိုဇောနှင့် ဆက်တွဲသည်။

မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]Dove le storie prendono vita. Scoprilo ora