5 。

2.6K 241 9
                                    

{ Unicode }

ရိပေါ်နဲ့ ရှောင်းကျန့် တွဲခဲ့တယ်။ လူမသိသူမသိ တွဲခြင်း မဟုတ်ဘဲ သူတို့ လူငယ် သဘာဝ လွတ်လွတ်လပ်လပ် တွဲခဲ့ကြတယ်။ ပတ်ဝန်းကျင် ကို ရှောင်းကျန့် လည်း သတိမမူနိုင်ဘဲ အပြင်ထွက်လျှောက်လည်တာမျိုး ရှိတယ်။ အထူးသဖြင့် ထမင်းတစ်နပ် အမြဲမှန်ဖို့ အပြင်ထွက် ချိန်းဆိုကြတာက ခပ်များများ။

ဘာလိုလိုနှင့် တွဲလာတာ တစ်လတင်းတင်း ပြည့်တော့မည်။ ရိပေါ်နှင့် ရှောင်းကျန့် ကတော့ လက်ကလေးကိုင်ရုံမှ အပါး အဆင့်မတက်သေး။ အထူးသဖြင့် သမီးရည်းစား သဘာဝ အနမ်းလေးတော့ ပေးဦးမှပေါ့။ အခုတော့ အဲ့လိုလည်း မဟုတ်။

" ဟေ့... ဖေ့သား ရည်းစားပူမိနေတာလား "

" တော်စမ်းပါကွာ... ဒီဘဲကြီးက မထုံတတ်သေးနဲ့ "

" ရန်ဖြစ်လာတာလား "

" မဟုတ်ဘူး ... ဒီလိုကွာ "

ရိပေါ်သည် ဟောက်ရွှမ်း ကို မကျေနပ်သမျှ ပြောပြလိုက်ပြီး ရင်ထဲတွင်လည်း ခံရခက်စွာ ရှောင်းကျန့် ပုံစံကြောင့် ခိုးလုခိုးလု ဖြစ်ရတယ်။ ရိပေါ် မျက်နှာက စူပုပ်ပုပ်နှင့် လိုတမရသည့် ကလေးလေးလို အပြစ်ကင်းစင်စွာ သူမကျေနပ်တာကို မကျေနပ်ကြောင်း ထုတ်ပြတတ်သည်။

" အနမ်းလေး မရတာနဲ့ဘဲ မင်းက အသည်းအသန် ကို ဖြစ်နေတာပဲ "

" မီးလောင်ရာလေပင့် မနေနဲ့ ဟျောင်... ငါ စိတ်မကြည်ဘူးနော်၊ ဆွဲထိုးမိတော့မယ် "

" စိတ်လျော့ပါကွာ... ရှောင်းကျန့် က ဥက္ကဋ္ဌ ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးဆိုတော့ သတိကြီးကြီး ထားလို့ ဖြစ်မှာပါ၊ သိပ်ပြီး ကဲမနေနဲ့ "

" ဒါဆိုလည်း အစကတည်းက တွဲမယ်ပြောတော့ ဘာလို့ လက်ခံလိုက်လဲ "

" ဟိုက သဘောမတူရင် မင်းက ထထိုးတော့မဲ့ ပုံစံနဲ့ နေလို့ ဖြစ်မှာပေါ့ "

ရိပေါ် , ဟောက်ရွှမ်း ကို ဘောက်ဆတ်ဆတ် နှင့် မလိုမကျသလို ခပ်စူးစူး ကြည့်လိုက်၏။ ဒီကောင် နည်းနည်း လေးမှ ထောင့်မကျိုးဘူး။ ကိုယ့်သူငယ်ချင်းကို မနှစ်သိမ့်ဘဲ သူများဘက် ရွာရန် ရာခိုင်နှုန်း ပိုသာနေတာ ဘာသဘောလဲ။

မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]Hikayelerin yaşadığı yer. Şimdi keşfedin