《 Unicode 》
ဥက္ကဋ္ဌ ကတော် လေးက မျက်နှာ မကောင်းရှာပါ။ ချစ်ခင်ပွန်းကလေးက နှုတ်ဆက်အနမ်းလေးတောင် မပေးဘဲ ခရီးနှင်သွားတာမို့ ရွှေစိတ်တော်လေး ညှိုးငယ်နေပါသတဲ့။
ဥက္ကဋ္ဌ ရဲ့ ရာဇသံ အောက်မှာ ပြားပြားဝပ်နေရတဲ့ အစေခံလေးများကတော့ ဥက္ကဋ္ဌ ကတော်လေး မျက်နှာရိပ်မျက်နှာကဲ ကို ခပ်လှမ်းလှမ်းကနေ အကဲခတ်လို့ နေပါတယ်။
ဒုန်း!!
ကြီးမားတဲ့ ကျွန်းစားပွဲရှည်ကြီးက ဒုန်းခနဲ မြည်သံနှင့်အတူ တင်းမာခက်ထန်နေတဲ့ ဝမ်ရိပေါ် ကလေးက ကြောက်ဖို့ကောင်းအောင် အကြည့်တို့ စူးရှစွာ ခါးထောက်လျက် ရပ်နေပါသည်။
❛ သားသား ပိုင်လီဝမ် ရော အဖိုးအဖွား အိမ်က ပြန်မလာသေးဘူးလား ❜
ဝမ်ရိပေါ် ရဲ့ မေးမြန်းသံကြောင့် အိမ်တော်ထိန်းကြီးက ကပျာကယာ အနားသို့ ရောက်လာပြီး သံတော်ဦးတင်ပါတယ်။
❛ ညနေစောင်းလောက်မှ ရောက်လာမယ်လို့ ဖုန်းဆက်ထားပါတယ် ဥက္ကဋ္ဌကတော် ❜
ဒါကလည်း ရှောင်းကျန့် ဆိုတဲ့ ဥက္ကဋ္ဌ ကြီး စနက် နေမှာပါပဲ။ သူ စားချင်ပြီဆို သားကို ဟိုမရောက်ဒီမရောက် အကုန် ချောင်ထိုးပို့တယ်။ အဲ့ဘိုးတော် သူထက် ထမင်း ခြောက်နှစ်လောက် စောစားပြီး ဥာဏ်လည်း အရမ်းများတာပဲ။
❛ ကျစ်!! ရပြီ... ဒီအစာတွေလည်း ငါမစားချင်ဘူး...
မင်းတို့ သိမ်းလိုက်တော့...
တကတဲ့... စိတ်မကြည်ရတဲ့အထဲ အကုန်လုံး မျက်လုံးထဲ အချိုးကို မပြေဘူး ❜
လငပုပ်ဖမ်းထားတဲ့ မျက်နှာသေနှင့်
ဝမ်ရိပေါ် နှုတ်ဖျားက လွတ်ခနဲ မလေးမစား စကားလုံးတွေ ထွက်သွားမိပါတယ်။ဝမ်ရိပေါ် လေးက ပုံမှန်ဆို မရိုင်းပါဘူး။ မနက်ကတည်းက နာနေတဲ့ ခါးနဲ့ ထူပူနေတဲ့ တင်ပါးရိုးတွေကြောင့် ဒေါသထွက်နေရပါတယ်။ သူ ဒေါသထွက်နေတာ ရှောင်းကျန့် ဆိုတဲ့ အဘိုးကြီး မောင် ပါပဲ။
စားချင်တာ အဝစားပြီး အလုပ်ကို ထွက်သွားတယ်။ ဒီတစ်ခါရော ဘယ်နှစ်ဂြိုလ် ခရီးဆိုက်ရောက်မရောက် ရိပေါ် မခန့်မှန်းတတ်ပါလေ။ ဘယ်ကတည်းက အလုပ်သရဲ ဝင်စားနေသလဲ မသိဘူး။ တစ်နေ့တစ်နေ့ ဒီအလုပ်ပဲ လုပ်နေတယ်။
YOU ARE READING
မောင့်အရိုင်းပန်းကလေး ပီယက်နီ [Completed]
Fanfiction ပီယက်နီကို မောင် က ချစ်တယ် ပီယက်နီ ရော မောင် နဲ့ ထပ်တူပဲ မလား