Scroll down to read Zawgyi font
Obediently give birth to our baby sunflower
ယနေ့တောထဲ၌ နေကြာပန်းမိစ္ဆာသည် ကျောက်တုံးပေါ်၌နေပူဆာလှုံရင်း ကျင့်ကြံနေလျှက်ရှိပြီး မနီးမဝေးတွင် Xiao Daoshi သည်လည်း သူ၏ဓားနှင့်လေ့ကျင့်နေပေ၏။ လေ့ကျင့်နေသော တာအိုသူတော်စင်လေးသည် ကျောက်တုံးကြီးပေါ်တွင်ထိုင်ပြီးကျင့်ကြံနေသော နေကြာပန်းမိစ္ဆာအား တချက်ကြည့်မိလိုက်သည်။ တောအုပ်တလျှောက် လေတဖြူးဖြူးတိုက်နေပါသောကြောင့် နေကြာပန်းမိစ္ဆာ ၏ ဆံနွယ်ရှည်များသည် လေယူရာနောက်ဝဲလွင့်နေ၏။ ထိုအမျိုးသား၏မျက်နှာသည်လည်း ကျောက်စိမ်းကဲ့သို့နူးညံ့ဖြူဖွေးနေပြီး ကြည့်ရသည်မှာ ပို၍ဆွဲဆောင်မှုရှိနေပေသည်။ ထိုမြင်ကွင်း၌ ဆွဲဆောင်ခံလိုက်ရသော Xiao Daoshi ၏ နှလုံးသားလေးသည်အရိုင်းဆန်စွာ ခုန်နေပြီး သူကိုယ်တိုင်မသိလိုက်ပါပဲနှင့် အလိုအလျောက် ထိုအမျိုးသားဆီသို့ခြေလှမ်းအနည်းငယ်လှမ်းလိုက်မိလေသည်။
နေကြာပန်းမိစ္ဆာသည် Xiao Daoshi ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် "ဘာဖြစ်လို့လဲ?"
ထိုအခါမှ Xiao Daoshi အသိပြန်ဝင်လာပြီး မျကိနှာလေးနီရဲသွားသည်။
"ဘာမှမဖြစ်ပါဘူး ဟိုဟာ...နည်းနည်းပင်ပန်းသွားလို့ပါ..."အမျိုးသားသည် သူ၏ပေါင်ကိုပုတ်ပြလိုက်ရင်း "လာ ဒီမှာကနည်းနည်းပိုအေးတယ်။ ဒီလာပြီး လှဲရင်းခနလောက်နားလိုက်"
Xiao Daoshi က ခေါင်းညိတ်ရင်း အမျိုးသားထိုင်နေရာကျောက်တုံးပေါ်သို့ သွားလိုက်သည်။ သူသည်အမျိုးသား၏ ပေါင်ပေါ်၌ သူ့ခေါင်းကိုဂရုတစိုက်နေရာချရင်း လှဲလိုက်ပြီး မျက်လုံးများကိုမှိတ်လိုက်သည်။
အမျိုးသားသည် သူ၏ဝတ်ရုံဖြင့် တာအိုသူတော်စင်လေး၏ နဖူးပေါ်၌ရှိနေသည့် ချွေးစက်ကလေးများကို အသာအယာသုတ်ပေးရင်း ပြောလိုက်သည်။ "ဒီနေ့က သစ်တော်သီးပင်တွေရဲ့ ပန်းပွင့်ရာသီသာဆို အရမ်းကိုလှနေမှာ"
Xiao Daoshi သည် ထိုစကားကို ထောက်ခံသင့်၏မသင့်၏ကို တုန့်ဆိုင်းနေမိသည်။ ဘာလို့ဆို ထိုအမျိုးသားက သူ(Xiao Daoshi) တခြားပန်းတွေကို လှပတယ် ကြိုက်ပါတယ် ဟုပြောသည်ကို မကြိုက်ကြောင်း သတိရသွားလို့ပင်။ သူခနလောက်တုံ့ဆိုင်းနေမိပြီးမှ "ဟုတ် သူတို့က ကြည့်ကောင်းပါတယ်" (T/N: အဲ့တာမကြိုက်သေးဘူးနော် အလိုက်သိတာက ခုတည်းက¯\_(ツ)_/¯ )
YOU ARE READING
Refined Sunflower And the Little Priest (MM Translation)
Storie breviThis is "Refined sunflower and the little priest" Myanmar translation. Original Author_ Lu TianYi Publish Date _ 15.2.2019 by N/A 6 chapters (complete) Start date _ September 27 2021 This is not my own story. I fully credit to owner/writer/author(s).