Unicode
"အားးးးး!!! လီလီရေ...... ကယ်ပါဦး.. ငါ့ဆီပျံလာနေတယ်..."
လီလီ့ခမျာ တီဗီကြည့်နေရမှ လီယို့အသံကြားလို့ အော်ဟစ်ပြောဆိုပြီး ဧည့်ခန်းမှပြေးထွက်လာလေတယ်
"ဘယ်မှာလဲ ဘယ်မှာလဲ ငါ့အကိုကို အနိုင်ကျင့်တဲ့အကောင်... ငါနဲ့တွေ့မယ် ငါနဲ့တွေ့မယ် ငါလာ... အာ ကိုကို့ရှေ့မှာ နင်းမိတော့....."
"အားးးးးးး *ဖုန်း"(Khant: *လဲကျသံ)လီလီ ပြောဆိုနေတုန်းရှိသေး လီယိုမှာ လန့်ဖြန့်ပြီး နောက်ပြန်ခုန်လိုက်တာ ဖုန်းခနဲ လဲသွားလေတယ်
" ကိုကို ဘာဖြစ်သွားသေးလဲ ဟိုအကောင် လာစမ်း လာစမ်း အမလေး မိပြီ ငါ အိမ်နောက်သွားပစ်လိုက်ဦးမယ်နော် "
"....."
"ကိုကို ဟဲ့... နင်ဘာလုပ်နေတာလဲ အဲ့မှာလှဲလို့ကောင်းလို့လှဲနေတာလား ကိုကို ကိုကိုလို့ ကိုကို နင်ငါ့ကို မစနဲ့နော် ကိုကို ကိုကို ကိုကို................."____________
အခုမှ လီယိုတစ်ယောက် ထမင်းစားခန်းကြမ်းပြင်ပေါ်မှာလှဲလို့ကောင်းကောင်းနဲ့ လှဲနေရာကနေ ပြန်ထရမှန်းသိတော့တယ် နာသွားတဲ့ သူ့ခေါင်းလေးနဲ့ သူဖင်လေးကို ပွတ်ရင်း ပွစိပွစိလုပ်နေလေရဲ့
"အာ... ငါ့ခေါင်း အမလေး ကျွတ်ကျွတ်ကျွတ်... နာလိုက်တာ စောင်ပိုးဟပ် ပိုးဟပ်နာ ပိုးဟပ်ပဲ့ ငါ အန်ဂျီအိုမှာ ခေါင်းဆောင်ဖြစ်တဲ့နေ့ မင်းရဲ့ မျိုးနွယ်တွေမျိုးတုန်းပြီပဲ ငါ လီယိုကိုများ ဘာမှတ်နေလဲ..."
"ဟေး..."
"ဘာတုန်း..." [ဟမ်.. ဘယ်က အသံပါလိမ့်]ဘေးဘယ်ညာလှည့်ကြည့်လေတယ် ဘယ်သူမှလည်းရှိမနေ တစ်ယောက်ယောက်ကသူ့ကိုကြည့်နေတယ်လို့ ခံစားနေရတုန်း ကလေးသံလိုလို ကောင်မလေးအသံလိုလို အသံသေးသေးလေးကို လီယို သူ့ဘယ်ဘက်ပုခုံး နားလေးကနေ ရုတ်တရက် ကြားလိုက်ရလေတယ်
"Hostလေး ရေ..."
"........... အားးးးးးးးး သရဲ သရဲ ငါ့ကိုသရဲခြောက်မေတယ် လီလီရေ ကယ်ပါဦး......"ထမင်းစားခန်းမှအမြန်ပြေးထွက်ကာ သူ့အခန်းဝမှာရပ်နေတဲ့ လီလီ့ကို ပြေးဖက်လေတယ်
YOU ARE READING
ဟာ!!! ဇာတ်လိုက်က ဘာကြီးတုန်း [ဟာ!!! ဇာတ္လိုက္က ဘာကျီးတုန္း]
Romanceမတော်တဆမှုတစ်ခုကြောင့် ဝိညာဥ်လွင့်သွားတဲ့ လီယိုက သူ(လီယို)အသက်ပြန်ရှင်ရဖို့ system နဲ့ချိတ်ဆက်လိုက်တယ် တစ်ဖက်မှာလဲ လီယိုရဲ့ အမွှာညီမ လီလီက အကိုဖြစ်သူအတွက် အရာရာငို စွန့်လွှတ်ပြီး ကယ်တင်ဖို့လုပ်ရှာတယ် မောင်နှမ၂ယောက် ဘယ်လိုတွေအလွဲလွဲအချော်ချေ...