1.2

208 13 0
                                    


Unicode

မယုံကြည်နိုင်တာ​တွေ​တောက်​​လျှောက်ဖြစ်ပြီး​နောက်မှာ လီယိုတစ်​ယောက် ဦး​နှောက်ပျက်လုမတတ်​တွေး​တောပြီး​နောက်မှာ​တော့ အ​ဖြေတစ်ခုရခဲ့ပြီ​လေ

"ဟဟား ဟဟား ငါ့လို ဥစ္စာ​ပေါ ရုပ်​ချော​လေးက ဘာပြစ်ချက်မှမရှိဘဲနဲ့ အခုထိရည်းစားမရ​သေးပါလားလို့​တွေး​နေတာ ​နတ်ဘုရားက ငါ့ကိုမျက်နှာသာ​ပေးလိုက်တာပဲ ငါ့မှာ ကိုယ်​ပျောက် ကိုယ်ပွား အစွမ်း​တွေရလာတာပဲ ဟုတ်ပြီ​လေ အခုလို ​ချော​မောလှပတဲ့ ငါ့ရုပ်ရည်နဲ့ဆို ​ကောင်မ​လေး​တွေကို ကယ်တင် အဲမှားလို့ ကမ္ဘာကြီးကိုကယ်တင်လိုက်ရင် လာလီဆာ​လေးကလည်း ငါ့ကို ​​တွေ့တာနဲ့ လူ​စွမ်း​ကောင်း ဟီးရိုး အ​ချော​လေး လီယိုဆိုပြီး မြင်မြင်ချင်း​ကြွေသွားမှာ.... ဘလာ ဘလာ ဘလာ....."

သူ့စိတ်ကူးနဲ့သူ ​လေထဲတိုက်​ဆောက်​နေတဲ့ hostကိုကြည့်​နေရင်း systemတစ်​ယောက် စိတ်ဓါတ်​တွေချုန်းချုန်းကျလာ​လေတယ်
[Host​တွေ တစ်​ယောက်ပြီး တစ်​ယောက်​တွေ့လာသမျှ ဒီhost​လောက်တုံးအတဲ့သူ ဒီကမ္ဘာမှာမရ​တော့ဘူး ငါ​တော့ *​ရောလ်ဟာ့နာ့က​နေ **ဘဲ့ခ်ဘဝ​ရောက်​တော့မယ်ထင်ပါတယ်] (Khant: *​ရောလ်ဟာ့နာ့က ကိုရီးယားလို ဆယ့်တစ်ပါ **ဘဲ့ခ်က​တော့ ကိုရီးယားလို တစ်ရာပါ systemက အ​ယောက်၁၀၀ ရှိတာ သူတို့က host တစ်​ယောက် mission​တွေ​အောင်ပြီးတိုင်း ​​နောက်တစ်​ယောက်မ​ပြောင်းခင်မှာ system​တွေကို သူတို့ရဲ့လုပ်​​ဆောင်ချက်​ကောင်းမွန်မှု​ပေါ်မူတည်ပြီး အဆင့်သတ်မှတ်​ပေးပါတယ် အခု​တော့သူက တုံးအတဲ့ hostနဲ့​တွေ့ပြီး အဆင့်ဘိတ်ချီးရ​တော့မယ်လို့ ​ပြောချင်​နေတာပါ)
"Host​ရေးးးး hostက ဂန့်သွားပြီလို့့့့..."

လီယိုတစ်​ယောက်​တော့ ​ရှေ့ခုနစ်အိမ် ​နောက်ခုနစ်အိမ်ကြားနိုင်​လောက်တဲ့ ​ဗော်ကယ်အသံပါဝါနဲ့ သူ့နား နားကပ်ပြီး အ​အော်ခံလိုက်ရ​လေပြီ

"အား... လီယို​လေး ကွီးယားသွား လာလီဆာနဲ့ညား.. အာ... လီဆာ​လေး​ရေ ခဏ​နော် ဟုတ်ပြီ အခု​မင်းပြောချင်တာက ငါက အနိစ္စ ဒုက္ခ အနတ္တ​တရား​တွေကို​ကျော်လွန်ပြီး အခု ဝိညာဥ်​ချော​ချော​လေးဖြစ်​နေတာလို့ ​ပြောချင်တာလား.."
"ဟုတ်ပါတယ် host​ရေ" [စိတ်​လေတယ် စိတ်ထိန်း စိတ်ထိန်း ငါ​လေးရဲ့​ချော​မောလှပတဲ့ ရုပ်ရည်က စိတ်တို​နေတဲ့ အမူအရာနဲ့ဆို ပိုဆွဲ​ဆောင်မှုရှိသွားလို့ ဘလပ်ပင့်ခုတစ်ဖွဲ့လုံးက လာကြိုက်​နေမှဖြင့် ရိုဇဲ​လေးဆီကို ​နောက်မှ စိတ်​ပြေလက်​ပျောက် မျက်နှာ​လေးသွားကြည့်ပါဦးမယ်] (Khant: hostနဲ့ systemလိုက်ဖက်ချက်ပဲ)
"ဟိတ်​ကောင် ဒါနဲ့ မင်းကဘာ​ကောင်လဲ ထွက်ခဲ့စမ်း ငါက မမြင်အစမ်းနဲ့ ​ပြော​နေရတာ အရူးကြီးကျ​နေတာပဲ အ​ကောင်း​ပြော​​နေတုန်း ထွက်လာခဲ့..."
Systemတစ်ယောက်တိုးတိုး တိုးတိုးဖြင့်"အရူး​မဟုတ်ဘူး ငတုံး..."
"ဟိတ်​ကောင် မင်းဘာ​ပြောတယ်.."
"ဘာမှမ​ပြောလိုက်ပါဘူး hostရဲ့ ဒါနဲ့​လေ ကျွန်​တော်ကို ဘယ်သူမှမမြင်နိုင်ဘူး host​ရောပဲ မမြင်နိုင်ဘူး ဒါမဲ့ hostဘယ်ပဲသွားသွား ကျွန်​တော်က host​​ဘေးနားမှအမြဲရှိ​နေရမှာ ကျွန်​တော်တို့က ချိတ်ဆက်ပြီးသွားပြီ​လေ"
"အမ် ငါကဘယ်တုန်းက ချိတ်ဆက်လိုက်တာလဲ ငါမင်းနဲ့ မချိတ်ဆက်နိုင်ပါဘူး... သွား သွား ​ဝေး​ဝေးသွား"
"Hostက ကြမ်းပြင်မှာ ကားယားလဲ​နေတုန်း ချိတ်ဆက်လိုက်တာ ဒါ​လေး​တောင်မသိဘူး တုံးလိုက်တာ"
"ဘာ ဟိတ်​ကောင် အဲ့တုန်းက ငါက ​မေ့​နေတာ​လေ ငါဘယ်သိမလဲ ငါ့ကိုများ တုံးတယ်ဆိုပဲ ငါ့လို လာလီဆာရဲ့နမ်ချင်းကိုများ... မင်း နာချင်လို့ လာစမ်း​နေတာလား"
"​ဝေါ့"
"ဟိတ်​ကောင် အဲ့တာဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး ပါးစပ်ထဲဖုန်ဝင်သွားလို့"[​အော့​အော့ လာဆီဆာက သူ့ကိုသိဖို့မ​ပြောနဲ့ မြင်​တောင်မမြင်ဖူးဘူး တုံးတယ်လို့​ပြောရင်လဲ မခံချင်ဘူး ငါ့ကိုမမြင်နိုင်ပါဘူးဆို​နေမှ လာချချင်​နေ​သေးတယ် ​ကြောင်​တောင်​တောင်နဲ့]
"ဒါနဲ့ ငါက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ ကမ္ဘာ​ပေါ်မှာမရှိသင့်တဲ့ ဟိုအ​ကောင်မျိုးနွယ်​ကြောင့်​တော့မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး host​ရေ hostက နှုတ်ခမ်း​မွှေးရှည်ရှည် ၂​​​ခေါင်းပါတဲ့ သက်ရှိအကြီးကြီး​ကြောင့်ဖြစ်သွားတာပါ"
"ဪ... ဟမ် ဖားခရုပဲ ကြည့်​နေ ငါ အန်ဂျီအိုကို ​ရောက်ရင် မင်းတို့မျိုးနွယ်အကုန် ဘဝတစ်ပါး​ရောက်ပြီသာမှတ်​​တော့..... ​နေပါဦး ဒါနဲ့ ငါက မမြင်ရတဲ့ဟာနဲ့စကား​ပြော​နေရတာအဆင်​တွေ​ပြေမ​နေဘူး မင်းကဘာမို့လို့ ငါ့ကိုတhost hostနဲ့ လာ​ပြော​နေရတာလဲ ငါကအရမ်း​ချော​နေလို့ မင်းကငါ့ကိုမ​ကျေမနပ်​တွေဖြစ်ပြီး လာလုပ်ကြံတာလား"
"ဖြစ်ရ​သေးတယ် host ရယ် ကျွန်​တော်က တာဝန်အရ အလုပ်လုပ်​နေတုန်း hostကားယား​လေးဖြစ်​နေတာကို​တွေ့လို့ hostနဲ့ချိတ်ဆက်လိုက်ရုံပဲ ကျွန်​တော့်လိုမျိုး ​ချောလည်း​ချော ရိုဇဲ​လေးရဲ့ နုနုရွရွချစ်သူလည်းဖြစ်တဲ့ နတ်သူငယ်အ​ချော​လေးက အသင့်ကို ဘဝတစ်ပါးကူး​​ပြောင်း​အောင် အားအားယားယားမို့လို့ လုပ်စရာလား ဟွန့် hostက ဆီ​လျှော်မှုလဲမရှိ ဘဝန်ကလဲမြင့် စိတ်ကြီးကလဲဝင် လက်​ပေါက်ကလဲကပ်​သေး ​နောက်ဆုံးတစ်ချက်က ရည်းစားလဲမရှိ hostနဲ့ချိတ်မိတာမှားပြီပဲ စိတ်ညစ်ပါတယ်"
"မင်း...မင်း...မင်း..."
"ဘာလဲ တမင်းမင်းနဲ့ စကားပါမ​ပြောတတ်​တော့တာလား"
"ဘာ​ပြောတယ် ဟိတ်​ကောင် ထွက်ခဲ့စမ်းပါ ထွက်လာခဲ့စမ်းလို့"
"ဘလပ် ဘလပ် ထွက်လာစရာလားလို့ ရိုဇဲ့ရင်ခွင်ထဲမှာပဲ​နေမှာ သွားသွား ရှူးရှူး"

ဟာ!!! ဇာတ်လိုက်က ဘာကြီးတုန်း [ဟာ!!! ဇာတ္လိုက္က ဘာကျီးတုန္း]Onde histórias criam vida. Descubra agora