Unicode
"Hostရေ အသက်ပြန်ရှင်ချင်လား..."
အားရပါးရငိုချင်းချနေသော လီယိုကတော့ သူ့systemလေးပြောနေတာတွေ ဘာမှမကြားသေးပေ။Systemတစ်ယောက် သူ့hostကသူ့ကိုအဖတ်မလုပ်ရကောင်းမလား ဆိုပြီး နောက်တစ်ချိန် သူ့ရဲ့ဗော်ကယ်ပါဝါကိုထုတ်သုံးလေတယ်
"Hosttttt..... ပြောနေတာမကြားဘူးလား အသက်ပြန်မရှင်ချင်တော့ဘူးလား ချီးပဲ ဆဲပြီ လိဖ် သစ်ရွက် သစ်ကိုင်း သစ်ပင် ဂျပိုး အိမ်မြောင်..."
ထိုအခါမှ သေမလိုငိုထားပြီး မို့မောက်ဖောင်းအစ်နေသောမျက်လုံးများ နှာချေးတွဲလောင်းနှင့် မိုးရေမိထားတဲ့ကြွက်စုတ်လိုရုပ်ကလေးဖြစ်နေသော လီယိုက ခေါင်းထောင်လာလေပြီ။
"ဟမ် ဘာပြောလိုက်တယ်.."
"တော်ပြီ ဘာမှမဟုတ်ဘူး ဘာမှမပြောလိုက်ဘူး"
"အာ... အသက်ရှင်ချင်လားလို့ပြောလိုက်တာ"
"..."
အခုမှထိုင်းမှိုင်းနေတဲ့ရုပ်လေးကနေ ချက်ချင်းမျောက်အုန်းသီးရတဲ့ရုပ်ဖြင့် သူ့အခန်းပြတင်းပေါက်ဘက်ကိုလှည့်ပြောလေတယ်
"ဟုတ်ပါတယ်... အသက်ရှင်ချင်လားလို့မေးလိုက်တာပါ... အသက်ရှင်ချင်တယ်နော် လုပ်ပေးပါလို့ ဒါနဲ့လေ...မင်းက အရမ်းချောတာပဲနော် ရိုဇဲနဲ့လည်းတကယ်လိုက်ဖက်တယ်သိလား"
Systemကလည်း အဖားမခံပေ။ စိတ်ကောက်နေသောလေသံပြတ်ပြတ်ဖြင့်
"ဘယ်သူ့ကိုပြောနေတာလဲ..."
"မင်းကိုလေ..အရမ်းချောတာပဲလို့...."
"အဲ့ဘက်မှာဘယ်သူမှမရှိဘူး မမြင်ရရင်မမြင်ရသလိုနေ.. ကျွန်တော်က အခန်းအပေါက်ဝမှာ ဟွန့်..."
အဲ့တော့မှ လီယိုက ခေါင်းလေးကို သူ့အခန်းတံခါးဖက်လှည့်ကာ
"မင်းကတကယ်ချောတာ... ငါ့ထက်ကို၀.၀၀၁ရာခိုင်းနှုန်းပိုချောတယ်နော် နော်... ဒါကြောင့် ငါ့ကိုကယ်ပါလို့..."
"[၀.၀၀၁ရာခိုင်နှုန်းဆိုပဲ]ဒါမဲ့ ကျွန်တော်ရောက်တဲ့အချိန်ကတည်းက hostကရှောတော့မလိုဖြစ်နေတာ အဲ့တော့ ကျွန်တော်လဲမကယ်နိုင်ဘူး တကယ်ရှင်ချင်ရင် လုပ်စရာတစ်နည်းပဲရှိတယ်..."
"...ဘာနည်းလဲ ကျောက်ကပ်တို့ ၁၇သိန်းတန်၂ခုတို့တော့ ထုတ်မရောင်းရပါဘူးနော် ဒီခန္ဓါကိုယ်ဘာမှမဖြစ်သရွေ့လုပ်ပါမယ် ပြောပြပါဗျာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဘာမှခက်ခက်ခဲခဲမလုပ်ရပါဘူး missionလေးတစ်ခုပါပဲ hostက ကမ္ဘာတစ်ခုမှာရှိတဲ့ ဆန္ဒမပြည့်ဝလိုက်ဘဲသေသွားရတဲ့လူတစ်ယောက်ရဲ့ခန္ဓါကိုယ်ထဲဝင်သွားပြီး သူ့ဆန္ဓကိုအောင်မြင်အောင်လုပ်ပေးရမယ် အဲ့လိုလုပ်ပေးနိုင်ရင် hostရဲ့ကိုယ်ပိုင်ကမ္ဘာမှာ အသက်၅နှစ်ထပ်နေခွင့်ရမယ် မလုပ်ပေးနိုင်ရင်တော့သေရမှာပေါ့နော် ပြီးတော့ဟိုကမ္ဘာမှာဘယ်လောက်ကြာကြာ hostရဲ့ ကိုယ်ပိုင်ကမ္ဘာမှာ hostက coma၁လတော့ဖြစ်နေမှာပဲ ဘာပဲဖြစ်ဖြစ်အခုhostကသေရမှာပဲလေ ၅နှစ်ထပ်နေချင်ရင် ဒီmissionကိုလုပ်ရပါမယ် ချွင်းချက်မရှိပါ တောင်းဆိုချင်တာမရှိရပါ လုပ်မလား မလုပ်ဘူးလား ရွေးပါ"
YOU ARE READING
ဟာ!!! ဇာတ်လိုက်က ဘာကြီးတုန်း [ဟာ!!! ဇာတ္လိုက္က ဘာကျီးတုန္း]
Romanceမတော်တဆမှုတစ်ခုကြောင့် ဝိညာဥ်လွင့်သွားတဲ့ လီယိုက သူ(လီယို)အသက်ပြန်ရှင်ရဖို့ system နဲ့ချိတ်ဆက်လိုက်တယ် တစ်ဖက်မှာလဲ လီယိုရဲ့ အမွှာညီမ လီလီက အကိုဖြစ်သူအတွက် အရာရာငို စွန့်လွှတ်ပြီး ကယ်တင်ဖို့လုပ်ရှာတယ် မောင်နှမ၂ယောက် ဘယ်လိုတွေအလွဲလွဲအချော်ချေ...