3.1 (U)

88 11 0
                                    

"ဟုတ်ပြီ ဟုတ်ပြီ... ဒါဆိုရင် မင်း​​ပြော​နေတဲ့ ဘီအယ်လ်​တွေ ဂျီအယ်လ်​တွေက ဘာ​တွေတုန်း... ဟို အယ်လ်အိုအယ်​လ်​တို့ စီအိုစီတို့နဲ့တူတူပဲလား"
".......................အီရာ(error)တက်​တော့မလို ခံစားလိုက်ရတယ် host​ရေ ဂိမ်းနာမည်​တွေလာရွတ်ပြ​နေတယ် အမ​လေး​လေး...​ ရှင်ချင်တယ်​နော် ရှင်ချင်တယ် ရှင်ချင်တယ်...ㅠㅠ"
"မသိလို့​​မေးတာ​လေးကို စွာလိုက်တာ အဲ့တာ​တွေက ငါထင်​နေတာ​တွေ​တော့ မဟုတ်ဘူးမလား..."
"အဲ့​တော့... hostကဘာထင်လို့လဲ"
"ဟိုဟာ​...ဟိုဟာ... ဟိုဟာ​လေကွာ ဟိုလိုမျိုး​လေ..."
"......."
"ဘားမဟုတ်​တော့ဘူးးးး မသိလို့ မသိလို့ နား​ထောင်​နေတယ် ရှင်းပြ​တော့"
"ဒါကဒီလိုရှိတယ် hostရယ်..... BL ဆိုတာက အင်းဂလိပ်လို ဘက်စ်ဖရန့်လပ်ဖ် ​BestFriend Love ပေါ့​နော် ဒီကျွန်​တော်တို့စစ်စတန်က hostမှာအရမ်းခင်မင်ရတဲ့ ချစ်ရတဲ့ သူငယ်ဂျင်းကြီး​တွေအများကြီး အများကြီး ရှိ​နေမယ် ပြီး​တော့ သူတို့ကို mission​တွေလုပ်ရင်း ရည်းစားရှာ​ပေးရမှာ သိလား အဲ့​တော့ ​ပြောလို့မရဘူး ဘတ်ဖရန့်​​တွေကို ရည်းစားရှာ​ပေး​နေရင်း ​အရမ်းခင်ဖို့​ကောင်း​တဲ့ ​​ယောက်ဖ​တွေလည်းဖြစ်လာနိုင်တယ် hostကလည်း အရမ်း​ကောင်းတဲ့ ​ယောကျာ်း ဖြစ်လာနိုင်တယ် သိလား သူတို့က သူတို့ညီမ​တွေကိုလည်း hostကို ​ပေးချင်​ပေးမှာ​လေ ​ပြောမရဘူး သိလား..." [တစ်ခုတော့ရှိတယ် hostက မိန်းမရမှာ​မဟုတ်​ပေမယ့် မိန်းမ​နေ​ရာ​တော့ရမှာပါ စိတ်ပူစရာမလိုဘူး... host​တွေ့ရ​တော့မယ့် ဘတ်ဖရန့်​တွေကို ခက်ခက်ခဲခဲ ရည်းစားရှာ​​ပေးမ​နေနဲ့ hostကိုယ် hostပဲ ​​ပေးရမှာ သူတို့က hostကို မယားမှတ်မှတ် သားမှတ်မှတ်လည်း ​စောင့်​ရှောက်​ပေးမှာပါ ခ်ခ်]
"ဪ... မဆိုးဘူး မိုက်သားပဲ... ရဲ​​ဘော်​တွေရမှာ​​ပေါ့ ​သောက်ဖော်​သောက်ဖက်​တွေ​လေ ဟဲဟဲ"
"..."[အစားခံချင်​နေတဲ့ အကွက်​တွေ...]
"..........................."[ဆက်​ပြော​လေ ဆက်​ပြော...]
"ပြီး​တော့ GLဆိုတာက ဂွတ်ဒ်ဖရန့်လပ်ဖ် GoodFriend Love ​ပေါ့ သူကကျ​တော့ ကျွန်​တော်တို့စစ်စတန်လိုမလွယ်ဘူး host​ရေ ကျွန်​တော်တို့ စစ်စတန်မှာက ဘတ်ဖရန်ကို ရည်းစားရှာ​ပေးရမှာ hostရယ် ဒါမဲ့ ဒီစစ်စတန်က ဂွတ်ဖရန်းဆို​တော့ hostတို့က အရမမ်း အရမ်း မရင်းနှီးကြ​ပေမယ့် ရည်းစားရှာ​ပေးရမှာပဲ အဲ့လို အဲ့လို host​ရေ..."[မိမိသ​ဘော မိမိ​ပြောပဲ ​ပြောချင်တာ​ပြောတယ် ဘာဖြစ်ချင်လဲ စိတ်ရှိတိုင်းဆိုရင် သူ့ကို GLထဲထည့်လိုက်ချင်တာ မိန်းမလိုချင်တဲ့ အ​ဖြောင့်ကြီးကို အ​ချောင်းမပါ​တော့​အောင် လုပ်​ပေးလိုက်ရလို့ ဟွန်း ဟွန်း...]
"အဲ့လိုလား သူက ပိုခက်တာ​ပေါ့​လေ... ဒါဆို အန်အမ်က​ရော ဘယ်လိုတုန်း"
"အန်အမ်ကကျ​တော့ နယူမန်ဘာဖရန့်လပ်ဖ် New MemberFriendLove တဲ့ သူက ပို​တောင်ခက်​သေးတယ် hostရယ် သူက အခက်ဆုံးပဲ မစ်ရှင်​တွေကလည်း အရမ်း အရမ်း ခက်တာ host​ရေ နယူးမန်ဘာဆိုတဲ့အတိုင်း hostက သူငယ်ချင်းအသစ်ရှာရမှာ အဲ့ဒီ့ အခုမှစခင်မယ့် သူငယ်ချင်းအသစ်ကို ရည်းစားရှာ​ပေးရမှာ အဲ့ စစ်စတန်းက ​တော်​တော်ခက်တယ်
hostရဲ့ ... အားလုံးထဲမှာ ကျွန်​တော့ စစ်စတန်က အလွယ်ဆုံး သိလား အဲ့တာ host အရမ်း အရမ်း ကံ​ကောင်းလို့ ကျွန်​တော်နဲ့ဆုံရတာ​နော် ပြီး​တော့ ကျွန်​တော်ကလည်း အရမ်းသ​ဘော​ကောင်းတဲ့ စစ်စတန်ပါ အဲ့တာ​ကြောင့် hostက မစ်ရှင်​တွေကို ကြိုးကြိုးစားစားလုပ်ရင် host​ရော ကျွန်​တော်​ရော ဆု​တွေရမှာ ကျွန်​တော်ကလည်း hostကိုဆု​တွေပြန်ခွဲပေးမှာပါဗျာ..."[တကယ်ပါ ဘဲကြည်​ဆေးရရင် hostကိုပဲ​ပေးမှာ ကျွန်​တော်မသုံးရက်လို့ hostကို ​စေ​တနာနဲ့​ပေးမှာ​လေ ဟဲဟဲ...]
"ဟုတ်ပါပြီ ဟုတ်ပါပြီ... နားလည်ပါပြီ"[​ပြောချင်တာက BLက အလွယ်ဆုံး​ပေါ့ ဒါ​ပေမဲ့ ​နေရတာ တစ်မျိုးပဲ မမြင်ရတဲ့ အဲ့ဒီ ဟန လား ဂဒနရမဘစ​လေးက ​အရမ်း​ပျော်ရွှင်​နေသလိုပဲ တစ်ခုခု​တော့ တစ်ခုခုပဲ ​ရုတ်တရက်ကြီး ခေါင်းကျိန်း​နေတယ်ဟ ထားပါ​တော့ ငါထင်​နေတဲ့ စစ်စတန်​တွေမဟုတ်တာပဲ ​ကျေးဇူးတင်ရမယ် ငါထင်​နေတဲ့ဟာဆိုရင်​တော့ ငါ,လီယို​လေး လီဆာ​လေးနဲ့လည်း မ​တွေ့ချင်​တော့ဘဲ ဆူရှိုက်လုပ်မလိုက်မို့ ကြံ​နေတာ ​တော်​သေးလို့​ပေါ့]
"...-_-..."[ငါမကြားဘူး ငါဘားမှမသိဘူး ကမ္ဘာတစ်ခုကိုဝင်တာနဲ့ အသက်ခံရမယ့်ကိန်းမှာ​တော့ရှိ​​နေတယ် အခု ကမ္ဘာကို ကူး​ပြောင်းတာနဲ့ ငါ သေ​နေတဲ့ပုံစံ ဟန်​ဆောင်​နေလိုက်ရမလား ကြံစမ်း ကြံစမ်း ​တော်ပြီ hostသိသွားလဲ ဘာဖြစ်လဲကွာ မီးစင်ကြည့်ကတာ​ပေါ့]
"host ကျွန်​တော် ​ပြောစရာရှိတာ​တွေ​ပြောပြီးပြီ hostအခု သွားရမယ့် ကမ္ဘာကလည်း အသင့်ဖြစ်​နေပြီ ဆို​တော့ သွား​တော့မလား"

Khant: ဘုတ်ဘုတ်​​ယေး ​ပေးပါယားယို့ ☹👉👈💕 RL​တွေထဲထည့်​ပေးပြီး ဘုတ်ဘုတ်လည်း​​ပေးကြတဲ့ အချစ်က​လေး​တွေတစ်​ယောက်ချင်းစီ​ကိုရော slient reader အချစ်​လေး​တွေအကုန်လုံးကို​ရော ချစ်တယ်​နော် အာဝါး😗❤

ဟာ!!! ဇာတ်လိုက်က ဘာကြီးတုန်း [ဟာ!!! ဇာတ္လိုက္က ဘာကျီးတုန္း]Where stories live. Discover now