".....ကျွန်တော်က ဒေါ့ကွန်ဆိုတဲ့ကုမ္ဗဏီကဝန်ထမ်းပါ ကျွန်တော်တို့ခေါင်းဆောင်နာမည်က ဒေါ့ကွန်လေ အာ့ကြောင့်..... ကျွန်တော့နာမည်ကတော့ ဘီအယ်လ်စစ်စတန်အစက်၂စက်ယောလ်ဟာ့နာ့ ဖြစ်ပါတယ်..." (Khant's Note: BL System:11 😆)
"........" [နာမည်တစ်ခါတစ်ခါခေါ်ရင် မောပြီးအသက်ထွက်မယ့်ကိန်း...]
"ဆက်ပြောမယ်နော်... ကျွန်တော်တို့မှာ အန်အမ်စစ်စတန် ၊ ဘီအယ်လ်စစ်စတန် ၊ ဂျီအယ်လ်စစ်စတန် ဆိုပြီး ဌာနသုံးခုရှိပြီးတော့ တစ်ဌာနစီမှာ ကျွန်တော့်လို ဝန်ထမ်းတွေက ၁၀၀တိတိ ၊ စုစုပေါင်းဆိုရင်တော့ ၃၀၀တိတိ ရှိတယ် နားလည်လား... ကျွန်တော်တို့က hostလိုမသေမရှင်လေးတွေကို ကယ်တင်ပေးနေတဲ့ နတ်သူငယ်ချောချောလေးတွေလေ သိရဲ့လား......"
"......ဟုတ်..သိပါပြီ...သိပါပြီ......"[အသက်ရှင်ဖို့မို့လို့သာ အမလေး လိပ်မျိုးပဲ လူကအိမ်ခေါင်မိုးကိုကပ်နေလောက်ပြီ]
"......"[ဟိတ်ကောင် မင်းအတွေးတွေအကုန်ငါကြားနေရတယ်နော်..ငါ့ကိုများ လိပ်မျိုးဆိုပဲ..တွေ့ပြီ..ငါနဲ့တော့တွေ့ပြီ...]
".......သိပြီမို့...ဆက်ပြောလို့..ကြားလား.."
"အေးပါ.......ထားပါတော့ဆက်ပြောပြမယ် ကျွန်တော်က hostကို missionတွေသွားလုပ်ရမယ့် ကမ္ဘာဆီပို့ပေးလိုက်မှာ hostလုပ်ရမယ့်missionက hostသွားရမယ့် ခန္ဓါကိုယ်ကမူလဝိညာဥ်ရဲ့ မပြည့်ဝခဲ့တဲ့ဆန္ဒ ပြည့်ဝသွားအောင်လုပ်ပေးရမှာပါ...[ဟွန်းးဟွန်းးး ဆန္ဒလည်းပြည့်ဝမယ် အဝလည်းကျွေးခံရမယ်အဝလည်းစားရမယ် စိတ်မပူနဲ့]...နားလည်တယ်မလား ကျွန်တော့်နာမည်ကိုလည်းမမေ့နဲ့နော် ဪ ဒါနဲ့ ကျွန်တော့်ကို ဟာ့နာ့ လို့ပဲခေါ်နော် ကျွန်တော်တို့တစ်ဌာနဆီက ဝန်ထမ်းတွေက mission တစ်ခါပြီးရင် တစ်ခါ အဆင့် သတ်မှတ်ခံရတယ်လေ ကျွန်တော့်ရဲ့ ပထမဆုံးပွဲဦးထွက်လေးမှာ အဆင့်၁ရချင်လို့လေ ဟီးဟီး အဆင့် ၁ကနေ၁၀အတွင်းဝင်ရင်ဆုရတယ်ပြောတယ် သိလား host ကျွန်တော်က ဘာဆုမှမလိုချင်ဘူး missionတိုင်းအတွက်အဆင့်၁ဆိုတာပဲလိုချင်တယ် hostအကောင်းဆုံးလုပ်နိုင်လို့ အဆင့်၁ရရင် ဆုကို hostယူလိုက် ကျွန်တော့် စီနီယာပြောတာတော့ ဆုတွေက အရမ်းမိုက်တယ်တဲ့..."
"အဲ့တော့ပြောချင်တာ ငါကမင်းရဲ့ ပထမဆုံး hostပေါ့ အဲ့လိုလား...."
"ဟုတ်တယ် ကျွန်တော်က အလုပ်သင်လုပ်တာပြီးသွားတာ ဘယ်လောက်မှမကြာလိုက်ဘူး စီနီယာ ယောလ်ဟာ့နာ့က အနားယူဖို့အချိန်ရောက်လာလို့ ကျွန်တော်က စပြီးအလုပ်ဆင်းရတာလေ အဲ့တာနဲ့ အလုပ်စလုပ်လို့ လူရှာနေတုန်း hostကိုတွေ့တာပဲ လုံးဝ ကွက်စတိ ကွက်စတိ ရှင်းပြီလား host မရှင်းတာရှိလည်းမေးတော့ အဟမ်း... ကဲ အမေးအဖြေဂဏ္ဏ စပါပြီ....."[စီနီယာပြောတာတော့ တခါတလေ ဘဲကြည်ဆေးတို့ နွေဦးဆေးတို့ရတယ်ပြောတယ် hostရေ တစ်ချို့missionတွေက တစ်ညတာလေးနဲ့ အောင်မြင်သွားအောင်လုပ်လို့ရတယ်...တိယား တိယား]
"......[မျက်ခုံးကတော့ခပ်လှုပ်လှုပ်ပဲ...] ဒါနဲ့လေ မင်းပြောခဲ့တာက ဒေါ့ကွန်ဆိုတာက မင်းတို့ဥက္ကဌပေါ့ ဟူတ်လား..."
"အင်း..အဲ့လိုပြောလို့ရတယ် ဒါမဲ့ ကျွန်တော်တို့က ခေါင်းဆောင်လို့ပဲခေါ်ကြတာ..."
"ဟုတ်ပြီ ဟုတ်ပြီ... ဒါဆိုရင် မင်းပြောနေတဲ့ ဘီအယ်လ်တွေ ဂျီအယ်လ်တွေက ဘာတွေတုန်း... ဟို အယ်လ်အိုအယ်လ်တို့ စီအိုစီတို့နဲ့တူတူပဲလား"
YOU ARE READING
ဟာ!!! ဇာတ်လိုက်က ဘာကြီးတုန်း [ဟာ!!! ဇာတ္လိုက္က ဘာကျီးတုန္း]
Romanceမတော်တဆမှုတစ်ခုကြောင့် ဝိညာဥ်လွင့်သွားတဲ့ လီယိုက သူ(လီယို)အသက်ပြန်ရှင်ရဖို့ system နဲ့ချိတ်ဆက်လိုက်တယ် တစ်ဖက်မှာလဲ လီယိုရဲ့ အမွှာညီမ လီလီက အကိုဖြစ်သူအတွက် အရာရာငို စွန့်လွှတ်ပြီး ကယ်တင်ဖို့လုပ်ရှာတယ် မောင်နှမ၂ယောက် ဘယ်လိုတွေအလွဲလွဲအချော်ချေ...