Part 13 🚨🚨🚨

8.6K 53 9
                                    

#unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#unicode

စွမ်းရည် အဲကောင်လေးကို ကားပေါ်ခေါ်လာခဲ့သည်။

အဲကောင်လေးက ကားထဲမှာ ဘာစကားမှမပြော ငြိမ်သက်နေသည်။

အတွင်းခံတစ်ထည်သာ ရှိတဲ့ထိုကောင်လေးကို စွမ်းရည်က သူရဲ့ ကုတ်အကျီကို ဝတ်ပေးထားပေမယ့် မိုးရေစိုထားတော့ အဲကောင်လေးက ချမ်းနေသလိုပင်။ သူရဲ့လက်ကလေးတစ်စုံကို ကျစ်ကျစ်ပါအောင် ပိုက်ထားသည်။

စွမ်းရည်လည်း ဘေးနားက အရက်ပုလင်းကိုပီး မော့ချလိုက်သည်။ ပီးတော့ စွမ်းရည်လည်း စိုရွှဲနေသည်မို့ ကားထဲမှာပဲ အကျီလဲရန် ကားအနောက်ခန်းမှာ ပါလာသော အကျီကို လှမ်းယူလိုက်ပီး ရေတွေစိုရွှဲနေတဲ့ အကျီကို ချွတ်လိုက်သည်။

လွန်း ချမ်းနေပေမယ့် ကြက်သေငှက်သေ သေသွားလေသည်။ ဖြူဖွေး တောင့်ဖြောင့်နေတဲ့ စွမ်းရည်ရဲ့ ခန္ဓာကိုယ်ကို ငေးမောကာ ကြောင်ကြည့်နေမိသည်။ ရင်အုံကြီးတွေက အကျယ်ကြီး! လွန်း ဒီရင်အုံကြီးတွေပေါ် မှေးစက်ချင်သည်။ မူးနေတဲ့ အဲအကိုကြီးရဲ့ မျက်လုံးတွေက ရီဝေနေကာ တကယ့်ကို လွန်း ကြွေမိသညိ။

မူးနေပေမယ့် အသိစိတ်လွတ်သွားတာမျိုးမဟုတ်ဘဲ လွန်းကိုလည်း ကူညီတဲ့ အဲအကိုကြီးကို လွန်း ပိုင်ဆိုင်ချင်မိလာသည်။ အပေါ်က အကျီမရှိပဲ ဘောင်းဘီတစ်ထည်နဲ့ အဲဒီအကိုကြီးရဲ့ နှုတ်ခမ်းဖူးလေးတွေကို လွန်း ရုတ်တရက် ထနမ်းမိသွားသည်။

စွမ်းရည် တစ်ချက်ကြောင်သွားသည်။ လွန်းရဲ့ နှုတ်ခမ်းသားလေးတွေက မပြောမဆိုနဲ့ပင် စွမ်းရည်ရဲ့ နှုတ်ခမ်းအပေါ် လာထိနေမိလေသည်။ အရက်ရှိန်ကြောင့်လား မပြောတတ် နှုတ်ခမ်းချင်း ထိထားရုံတဲ့တင် တကယ်ကို ချိုမြိန်နေသည်။ စွမ်းရည်က မျက်စိမမှိတ်ထားပေမယ့် ဖြူဖြူသေးသေးလေးနဲ့ တကယ့်ကို ချစ်စရာကောင်လေး လွန်းရဲ့ မျက်လုံးလေးတွေကတော့ မှိတ်ထားသောကြောင့် စွမ်းရည် လွန်းရဲ့ ကော့စင်းနေတဲ့ မျက်တောင်လေးတွေကို အနီးကပ်ကြည့်ခွင့်ရခဲ့သည်။

ပြိုင်ဘက်Where stories live. Discover now