#unicodeစွမ်းရည် မော်ကွန်းကို ကျောပိုး၍ သူရဲ့ အခန်းထဲ ခေါ်လာသည်။
"ဟေ့ကောင် လေးလိုက်တာကွာ! ထဦးဟ"
မော်ကွန်းက အိပ်ပျော်နေတုန်း! အခန်းထဲလည်း ရောက်ရော စွမ်းရည် ကိုယ်ပေါ်သို့ အန်ချပစ်လိုက်သည်။ မော်ကွန်း၏ အန်ဖက်များ စွမ်းရည်၏ အကျီတွေရော မော်ကွန်းရဲ့ အကျီ တွေမှာ စိုကုန်သည်။ အသန့်အပြန့်ကြိုက်သော စွမ်းရည် ကိုယ်ပေါ်မှာ အန်ပစ်လိုက်သည်။
" သူတောင်းစား! မင်း မနက်ကျမှ ငါနဲ့တွေ့မယ်! တစ်ခါတည်း မနိုးလာပဲ သေသွားလိုက်ပါလား" ဟုပြောကာမော်ကွန်း ကို ကုတင်းခြေရင်းက ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
ထိုနောက် စွမ်းရည် ရေချိုးခန်းထဲဝင်ပီး ရေချိုးပစ်လိုက်သည်။ ပီးနောက် မော်ကွန်းဆီလာကာ ပေနေသော အကျီများကို ချွတ်ပေးနေသည်။ အကျီချွတ်လိုက်တော့ မော်ကွန်းရဲ့ ရင်ဘက်က နီရဲနေတဲ့ နို့သီးလေးတွေနဲ့ ချောမောလှတဲ့အသားရေတွေကို စွမ်းရည်တွေ့လိုက်တော့ ပစ်မှားချင်မိသွားည်။
ပီးမှ မော်ကွန်းက T ဖြစ်ကြောင်း အသိဝင်လာကာ အကျီဆက်လဲပေးလိုက်သည်။အရက်မူးနေတဲ့ မော်ကွန်းက ချစ်စရာလေးပင်။ စွမ်းရည် မော်ကွန်းရဲ့ဘောင်းဘီကိုချွတ်လိုက်သည်။ အတွင်းခံကိုတော့မချွတ်! အပေါ်ကတော့ သူရဲ့ တီရှပ်ကို ဝတ်ပေးပီး အောက်ကတော့ အတွင်းခံဖြစ်သာ! ပီးတော့ မော်ကွန်းကို မကာ သူ့ရဲ့ ကုတင်ဘေးကာ ဆိုဖာ အရှည်ပေါ် တင်လိုက်သည်။
စွမ်းရည်လည်း အဝတ်အစားချွတ်ကာ ကုတင်ပေါ်အိပ်လိုက်သည်။ စွမ်းရည်သည် ညအိပ်ရင် အဝတ်အစားဝတ်အိတ်တဲ့အကျင့် မရှိ။