part-9

1K 97 11
                                    

"ဟေး...‌ငါ့ညီဂျောင်ကု..ဘယ်လိုလဲအ‌ခြေအနေ..."

"ဘယ်အခြေအနေလဲအလုပ်လား?ဒါမှမဟုတ် personal ကိစ္စလား?"

"နှစ်ခုလုံးပဲ"

"အလုပ်ကိစ္စဆိုရင်တော့ hyungကူညီပေးလို့အဆင်ပြေတယ်။ လူမှုရေးအခြေအနေကတော့အရင်တိုင်းပဲ။"

"နောက်ဆိုအဆင်ပြေလာမှာပါဂျောင်ကုရာ။ငါလဲကူညီပေးနေတာပဲလေ။"

"ဟုတ်ပါပြီ။ယုံပါတယ်။ဒါနဲ့ Jimin shi အခြေအနေရော?"

"ငါတော့မပြောတော့ဘူး။မင်းလဲငါနဲ့အတူနေမှာမလား?မင်းရဲ့ပေါက်စရဲ့အိမ်နဲ့ဘေးချင်းကပ်ပဲဟာကိုဘာတွေတွေးပူနေတာလဲ။အေးဆေးပေါ့..."

"မအေးဆေးနိုင်ဘူးဟိုဆော့ဟရောင်း...
ကင်ထယ်ယောင်းကကျွန်တော်နဲ့ဟရောင်းနဲ့ညီအကိုဆိုတာလဲသိတယ်‌။ပြီးတော့ဒီတစ်ခေါက်ပရောဂျက်ကိစ္စကဟရောင်းနဲ့မင်ယွန်းဂီပေါင်းပြီးကြံတာမလား?ကင်ထယ်ယောင်းကအဲ့လောက်ဉာဏ်မနဲဘူး။သူ့ဘေးနားမှာအတွင်းရေးမှူးဆိုတဲ့သူကလဲရှိသေးတယ်။အရမ်းဉာဏ်များတာမို့လို့ဟရောင်းတို့နှစ်ယောက်သတိထားဦး။"

"မင်းကလဲစကားများလိုက်တာကွာ။မင်းကိစ္စအဆင်ပြေရင်ပြီးပြီမလား?ငါ့အာရုံလာမနောက်နဲ့။ကိုယ်တွေကအဲ့လောက်ဉာဏ်မနဲဘူး။"

"ဟရောင်းတို့တော်တာသိပေမယ့်ကင်ထယ်ယောင်းကကျွန်တော့်ယောကျာ်းကိုတောင်သူ့အပိုင်ဆိုပြီးလုပ်နိုင်တာမလို့....."

"အဲ့တာကမင်းညံ့တာလေ။မင်းသာနေရာတကာသ၀န်မတိုတတ်ရင်အခုလိုတွေမဖြစ်လာနိုင်သလိုငါလဲ....."

"ဟရောင်းကင်ထယ်ယောင်းကိုကြိုက်နေတာလား?"

စကားမဆုံးသေးခင်ဖြတ်ပြောလာသောဂျောင်ကု၏စကားကြောင့်လူတစ်ကိုယ်လုံးအေးစက်သွားသယောင်...

ကြံကြံဖန်ဖန်ကွာငါကကင်ထယ်ယောင်းကိုကြိုက်စရာလားကွလို့ပြန်ပြောလိုက်ချင်ပေမယ့်တကယ်တမ်းကျတော့ပါးစပ်ကမထွက်...

တစ်နည်းအားဖြင့်မေးလိုက်တဲ့မေးခွန်းကိုအံ့ဩသွားသလိုပေါ့....

"........."

"ပြန်မဖြေပုံထောက်နေရင်တော့ဟုတ်နေပါပြီ။"

ချစ်တတ်လွန်းသူ💔Where stories live. Discover now