Extra-2( start with jimin 💗)

946 69 3
                                    

For Uni users

In Canada 🇨🇦🇨🇦🇨🇦
Jikook side_____

"Jimin shi.…လေယာဉ်ပေါ်ကဆင်းလာထဲကကျွန်တော့်ကိုမခေါ်ဘူးစိတ်ဆိုးနေတာလားကျွန်တော့်ကို?"

"......"

"Jimin shi..နှုတ်ခမ်းကြီးကိုမဆူထားနဲ့လေကွာ"

"ဘာဖြစ်လဲငါ့ဘာသာဆူတာ..."

"ဟျောင်းကအဲ့လိုဆူထားတော့ဟျောင်းရဲ့နှုတ်ခမ်းရဲရဲလေးတွေကိုသူများတွေမြင်ပြီးပစ်မှားနေမှာပေါ့လို့"

"ပစ်မှားပစေလေ။ကုသိုလ်တောင်ရသေးတယ်"

"ဂျီမင်းရှီ!!"

"ညိုငြင်တာလားငါ့ကို😒"

"ဟောဗျာ..ကျွန်တော်ကသဝန်တိုလို့ပြောတဲ့ဟာကို..."

"....."

"စိတ်ဆိုးနေတာလားကျွန်တော့်ကို..."

"....."

"ဟျောင်း....တောင်းပန်ပါတယ်။ကနေဒါကိုဟျောင်းစိတ်မပါဘဲအတင်းခေါ်လာခဲ့မိလို့..."

"ငါကဘာပြောရသေးလို့လဲဂျွန်?"

"ဟင်?"

"ငါကဗိုက်ဆာလို့ဟာကို..."

"မသိဘူးလေဟျောင်းမျက်နှာကြီးကဆူပုတ်နေလို့ကျွန်တော့်ကိုစိတ်များဆိုးနေတာလားလို့ပါ။"

"ဒီမှာ!မင်းနဲ့ငါနဲ့ပေါင်းလာတာဘယ်လောက်ကြာပြီလဲဂျွန်?"

"5နှစ်လေ!"

"အေးအဲ့၅နှစ်အတွင်းငါ့မျက်နှာအရိပ်အကဲကိုမဖမ်းနိုင်တာငါမင်းကိုတော်တော်အံ့ဩတယ်နော်ဂျွန်။ကိုယ့်ယောကျာ်းဘာဖြစ်ချင်လဲဆိုတာကိုမပြောဘဲနဲ့ဘယ်တော့မှမသိဘူး!"

"ကင်ထယ်ယောင်းနဲ့မတူဘူးမလားကျွန်တော်က?"

"ဟောဗျာ?ငါပြောတဲ့အထဲမှာကိုကို့အကြောင်းပါသွားလို့လား?"

"မပါပါဘူး!ဒါပေမယ့်အခုပဲကြည့်လေခေါ်တာတောင်မှကိုကိုလို့ခေါ်နေတုန်းပဲ!"

"အဲ့ဒါငါခေါ်နေကြမို့လို့လေဂျွန်ရာ....မင်းကလဲ
‌မရှိတော့တဲ့သူအပေါ်တောင်မနာလိုနေတာလားမင်းက?"

"မဟုတ်ပါဘူးဂျီမင်းရှီကိုချစ်လို့ပါ။"

"ဘာမှမဆိုင်ဘူး!ငါပြောနေတာမနာလိုနေတာလားလို့ပြောတာလေ.."

ချစ်တတ်လွန်းသူ💔Where stories live. Discover now