part-10 (1)

1K 100 3
                                    

"ဟိုဆော့နဲ့ဂျောင်ကုထိုင်နော်...ငါအ၀တ်အစားသွားလဲလိုက်ဦးမယ်...ကလေးလေးကိုကို့ကိုအဝတ်အစားလေးထုတ်ပေးဦး..."

"အာ...ဟုတ်!"

အရင်တုန်းကပြန်လာရင်ကိုယ့်ဘာသာကိုယ်ပဲရေမိုးချိုးအဝတ်အစားလဲတတ်တဲ့ကိုကိုကဘာလို့အခုမှ...

ကင်ထယ်ယောင်း!ကင်ထယ်ယောင်း!ငါ့သီးခံနိုင်စွမ်းတွေကိုလာလာပြီးစမ်းသပ်နေတာပဲ...
စိတ်ထိန်းဂျွန်ဂျောင်ကု!စိတ်ထိန်း!

အော်...လက်စသတ်တော့..မင်းကဒီလိုကိုး!!
အဟက်! ကလေးဆန်လွန်းတယ်...

။။။
"ဆောရီးနော်..ငါတို့နဲနဲကြာသွားတယ်..."

"ရပါတယ်ကင်ထယ်ယောင်းရှီ..."

"ရပါတယ်ထယ်ယောင်း..."

"ဒါနဲ့ ဂျောင်ကု...ငါကမင်းအကိုနဲ့ရွယ်တူလေကွာ..အဲ့တော့ငါ့ကိုထယ်ယောင်းဟရောင်းလို့လဲခေါ်လို့ရတယ်နော်..."

WTF!!!သူ့ကိုငါကဟရောင်းလို့ခေါ်ရမယ်ပေါ့?ဒါတော့များသွားပြီ!!!

"ကျွန်တော်ကကျွန်တော်နဲ့ရင်းနှီးတဲ့သူကိုမှဟရောင်းလို့ခေါ်တာ...."

"အော်...ဒါဆိုကိုကိုနဲ့ဂျောင်ကုကသိပ်မရင်းနှီးဘူးလား?"

လာပြန်ပြီကိုကို။ဂျီမင်းရှီနော်...စိတ်ကိုမနဲချုပ်ထိန်းထားရတာ။စိတ်တိုလာရင်ကိုကိုဆိုတဲ့လူကိုဆွဲထိုးပြီးခင်ဗျားလေးကိုခိုးပြေးလိုက်မှာ.

"ကိုကို့ဘက်ကတော့ရင်းနှီးပါတယ်..."

"အော်...ဂျောင်ကုကကိုကိုနဲ့မရင်းနှီးချင်ဘူးလား?ကိုကိုကသဘောဒီလောက်ကောင်းတာ.."

"ဒါပေါ့...သူများအပိုင်ကိုကိုယ့်အပိုင်လုပ်လိုက်တဲ့အထိကိုသဘောတွေစွတ်ရမ်းကောင်းခဲ့တာ"

ခပ်ထေ့ထေ့နဲ့ဂျောင်ဟိုဆော့မှ၀င်ပြောလိုက်ရင်....

"အမ်?"

"အော်..ဒါနဲ့မင်းတို့ကိုငါတစ်ခါထဲပြောရဦးမယ်.."

ထယ်ယောင်းမှစကားလမ်းကြောင်းလွှဲလိုက်လျှင်...

"ပြောကြည့်..."

"ကလေးနဲ့ငါနဲ့စေ့စပ်ပွဲကိုလာခဲ့ကြဦးနော်.."

ချစ်တတ်လွန်းသူ💔Where stories live. Discover now